
နေပြည်တော် မတ် ၁၅
ဒေသတွင်းစားရေရိက္ခာ ဖူလုံရေး နှင့် ပြည်သူများ၏ စားသောက်ရေး ကို အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိ ရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင် နှင့် တာဝန်ရှိသူများက ပုသိမ်မြို့ တိုင်းစစ်ဌာနချုပ် စံပြဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံနှင့် မအူပင် မြို့ နယ်မြေခံတပ်ရင်းရှိ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို သွား ရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန် ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ် လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်