နိုင်ငံပိုင်နှင့် ပုဂ္ဂလိကသံမဏိစက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်ပါက တစ်နှစ်လျှင် သံမဏိတန်ချိန်တစ်သန်းခန့်သာ ထုတ်လုပ်နိုင် ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီကျော်လွန်အောင် ထုတ်လုပ်နိုင်ပါက ပြည်ပမှဝယ်ယူတင်သွင်းရမှုကို လျှော့ချနိုင်မည်ဖြစ်

 

နေပြည်တော်   မတ်    ၁၅


သံနှင့် သံမဏိလုပ်ငန်းများ  ဖွံ့ဖြိုးရေးအတွက်  စက်မှုဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ ချာလီသန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး  အလုံမြို့နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ  ကုန်သည်များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်၌ ကျင်းပသည့် South East Asia Iron and  Steel Institute Travelling Seminar, 2023  အခမ်းအနားသို့  တက်ရောက်၍  အဖွင့်အမှာစကား ပြောကြားသည်။


ဦးစွာ  ပြည်ထောင်စုဝန်ကြီးက  နိုင်ငံတစ်နိုင်ငံ စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ ဆောင်ရွက် ရာတွင်   လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ထုတ်လုပ်မှု ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ စသည့် အဓိကကျသော အခန်း ကဏ္ဍ သုံးရပ်ရှိပြီး မဟာဗျူဟာမြောက် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်လျှင် သံနှင့်သံမဏိ ထုတ်လုပ်မှုကဏ္ဍ  ဖွံ့ဖြိုးရေးသည် အလွန်အရေးပါ ကြောင်း၊    နိုင်ငံတစ်နိုင်ငံ၏    ဖွံ့ဖြိုးတိုးတက်မှုကို လူတစ်ဦးချင်းစီ၏ သံ၊ သံမဏိသုံးစွဲမှုပမာဏအပေါ် မူတည်၍လည်း    တိုင်းတာဖော်ပြလေ့ရှိကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသည် ကမ္ဘာပေါ်တွင်သံမဏိ ထုတ်လုပ်မှု၏  ၅၀ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းသည်    ၁၆  ရာခိုင်နှုန်း၊    စက်ပစ္စည်းများ အတွက် ၁၄ ရာခိုင်နှုန်း၊ သတ္တုထုတ်ကုန်များအတွက် ၁၄ ရာခိုင်နှုန်း၊   မီးဖိုချောင်သုံးပစ္စည်း  ပရိဘောဂ၊ လျှပ်စစ်ပစ္စည်းများအတွက် ၆ ရာခိုင်နှုန်း အသုံးပြု နေသည့်အတွက်  သံမဏိသည်   လူသားတို့ဘဝ ရှင်သန်တိုးတက်ရေးအတွက်   အခြေခံအကျဆုံး ပစ္စည်းအဖြစ်     ရပ်တည်လျက်ရှိကြောင်း၊   သံမဏိ သည်   ရာခိုင်နှုန်း ၁၀၀  ပြန်လည်အသုံးပြုရသည့် တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းဖြစ်ကြောင်း၊ သံမဏိသည် တခြားမည်သည့်သတ္တုနှင့်မျှ မတူညီ သည့် ထူးခြားဆန်းပြားသော အရည်အသွေးများနှင့် ပြည့်စုံနေသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆောက်လုပ် ရေးလုပ်ငန်းနယ်ပယ်တွင် သံမဏိလိုအပ်ချက်သည် ဆက်တိုက်မြင့်မားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ်  သံမဏိတန်ချိန်  သုံးသန်းခန့်  အသုံးပြုနေ ကြောင်း။


  နိုင်ငံပိုင်နှင့်  ပုဂ္ဂလိကသံမဏိစက်ရုံများ စက် စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်ပါက တစ်နှစ်လျှင် သံမဏိတန်ချိန်  တစ်သန်းခန့်သာ  ထုတ်လုပ်နိုင်ပြီး လိုအပ်သော သံမဏိတန်ချိန် နှစ်သန်းခန့်အားပြည်ပမှ တင်သွင်းနေရကြောင်း၊  မိမိတို့နိုင်ငံတွင်   သံနှင့် သံမဏိထုတ်လုပ်ရန် သံသတ္တုရိုင်းသိုက်နှင့် ကျောက် မီးသွေးများ အထိုက်အလျောက်ရှိ၍ သယံဇာတများ နှင့်    ကိုက်ညီသည့်   နည်းပညာများကို  အသုံးချပြီး သံရိုင်းမှသံမဏိအဖြစ်သို့    လည်းကောင်း၊  သံတို သံစများမှ အဆင့်မြင့်သံမဏိအဖြစ် လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်ကို    ပြည့်မီကျော်လွန်အောင် ထုတ်လုပ်နိုင်ပါက ပြည်ပမှ ဝယ်ယူတင်သွင်းရမှုကို လျှော့ချနိုင်မည်ဖြစ်၍ နိုင်ငံခြားငွေအသုံးပြုရမှုမှ သက်သာစေမည်ဖြစ်သဖြင့် နိုင်ငံတော်၏ စီးပွားရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ   ဆောင်ရွက်ရာ တွင် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း။ 


ပြည်တွင်း၌ သံမဏိထုတ်လုပ်ရာတွင် စံချိန်စံညွှန်း များ ပြည့်မီရန်လိုအပ်သလို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သံနှင့်သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်း(၁၂)ခု ကိုလည်း သတ်မှတ်ရေးဆွဲထုတ်ပြန်ပြီး ဖြစ်ကြောင်း၊ သံ၊ သံမဏိနှင့်ပတ်သက်၍    လိုအပ်သည့်     စံချိန် စံညွှန်းများကိုလည်း  ထပ်မံရေးဆွဲလျက်ရှိကြောင်း၊ သံမဏိထုတ်လုပ်ရာတွင်     သံသတ္တုရိုင်းများကို သန့်စင်ကျိုချက်ရာမှ ထွက်ရှိလာသည့် ဓာတ်ငွေ့နှင့် စွန့်ပစ်ပစ္စည်းများသည်     သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ထိခိုက်မှုမရှိအောင် သံမဏိလုပ်ငန်းရှင် များအားလုံးမှ ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများရှိ သံမဏိလုပ်ငန်းရှင်များ သည် ရင်းနှီးမြှုပ်နှံမှု၏ ၁၅ ရာခိုင်နှုန်းကို ပတ်ဝန်း ကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များတွင် အသုံးပြု လျက်ရှိကြောင်း၊ စက်မှုလုပ်ငန်းများ အစဉ်ထာဝရ ရှင်သန်ရပ်တည်နိုင်ရေးနှင့်     တိုးတက်ဖြစ်ထွန်း အောင်မြင်စေရေးတို့အတွက် တစ်ဦးကောင်း တစ်ဖွဲ့ ကောင်းဆောင်ရွက်ခြင်းမပြုဘဲ အမြော်အမြင်ကြီးစွာ ဖြင့် မိမိတို့၏ အရင်းအမြစ်အသီးသီးကို စုပေါင်းလျက် နိုင်ငံတကာနှင့် ရင်ပေါင်တန်း၍ သံနှင့်သံမဏိကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်ရေး နည်းပညာရှင်၊ အတတ် ပညာရှင်၊ လုပ်ငန်းရှင်များအားလုံးညီညီညွတ်ညွတ် ဖြင့်    စုပေါင်းဆောင်ရွက်ကြပါရန်    တိုက်တွန်းပါ ကြောင်းပြောကြားသည်။


ဆက်လက်၍ တက်ရောက်လာသူများက မြန်မာ နိုင်ငံတွင်  သံနှင့်သံမဏိကဏ္ဍ    ဖွံ့ဖြိုးတိုးတက်ရေး အတွက်      ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်