နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ အရာထမ်း/အမှုထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်  မတ်   ၁၅


နိုင်ငံခြားရေး    ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ    ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနတို့မှ အရာထမ်း/အမှုထမ်းများ     စွမ်း ဆောင်ရည်   မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို    ယနေ့ မွန်းလွဲ ၁ နာရီက နိုင်ငံခြားရေး ဝန်ကြီးဌာန     နေပြည်တော်ရှိ ဧရာဝတီခန်းမ၌ ကျင်းပသည်။  

 


အစည်းအဝေးတွင် နိုင်ငံခြား ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေက နိုင်ငံခြား ရေး   ဝန်ကြီးဌာနရှိ   အရာထမ်း/အမှုထမ်းများ၏ စွမ်းဆောင်ရည်မြှင့်နိုင်ရေးအတွက်သာမက နိုင်ငံ တကာနှင့် ဆက်သွယ်ဆောင်ရွက် နေသော      အစိုးရအဖွဲ့အစည်း အသီးသီးနှင့်        ဝန်ကြီးဌာန အသီးသီးမှ အရာထမ်း/အမှုထမ်း များအပါအဝင် ပြင်ပမှ သံတမန် ရေးရာ စိတ်ဝင်စားသူများအတွက် လူ့စွမ်းအား   အရင်းအမြစ်နှင့် စွမ်းဆောင်ရည်     မြှင့်တင်ရေး ဆိုင်ရာကိစ္စများ ဆောင်ရွက်ရန်၊ နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တစ်ဖက်တစ်လမ်းမှ    သင်တန်း များ ဖွင့်လှစ်ဆောင်ရွက်ရာတွင် ပုံမှန်ဖွင့်လှစ် ဆောင်ရွက်လျက် ရှိသည့် သင်တန်းများကို ပြန်လည် လေ့လာသုံးသပ်ခြင်းနှင့်     မျက် မှောက်ကာလနှင့်    ကိုက်ညီမှု ရှိပြီး ဌာနများတွင် လိုအပ်သော သင်တန်းများကို     လက်တွေ့ လုပ်ဆောင်သွားနိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းများ  မွမ်းမံဆောင် ရွက်သွားနိုင်ရေး ပြောကြားသည်။

 


ဆက်လက်၍   အပြည်ပြည် ဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန       ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က နိုင်ငံနှင့် ဝန်ကြီးဌာနအတွက်   လုပ်ငန်း တာဝန်များ   အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်     အရာ ထမ်း  /   အမှုထမ်းများအတွက် စွမ်းဆောင်ရည်      မြှင့်တင်ရေး သင်တန်းများအပြင် မိမိကိုယ်တိုင် လေ့လာသင်ယူနိုင်ရေး လေ့ကျင့် ပညာပေးခြင်း၊  ယင်းသို့ လုပ်ဆောင် နိုင်ရန် လိုအပ်သည်များ ပံ့ပိုးစီစဉ် ဆောင်ရွက်ပေးရန်၊     ပညာရပ် ဆိုင်ရာ ဗဟုသုတများ ကျယ်ကျယ် ပြန့်ပြန့် လေ့လာနိုင်ရေး ဆောင် ရွက်ပေးရန်နှင့်     ဌာနအလိုက် လုပ်ငန်းများ      အောင်မြင်စွာ အကောင်အထည်ဖော်   ဆောင် ရွက်နိုင်ရေးအတွက်   ပေါင်းစပ် ညှိနှိုင်းသွားကြရန်နှင့် လိုအပ်ချက် များကို ဆန်းစစ်ပြီးစီမံဆောင်ရွက် သွားနိုင်ရေး    ပြောကြားသည်။ ထို့နောက် အစည်းအဝေး တက် ရောက်လာသူများက   အကြံပြု ဆွေးနွေးတင်ပြကြသည်။ ဆွေးနွေး  တင်ပြချက်များအပေါ်      ပြည် ထောင်စု  ဝန်ကြီးများက  လိုအပ် သည်များ မှာကြားသည်။

 


အစည်းအဝေးတွင် နိုင်ငံခြား ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ    တက်ရောက် ကြသည်။                  

သတင်းစဉ်