နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော်တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

 

နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံအားပေး

 

နေပြည်တော်  မတ်   ၁၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ကာကွယ် ရေးဦးစီးချုပ်   (ကြည်း)    ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း      သည် ကာကွယ်ရေး         ဦးစီးချုပ်ရုံးမှ တပ်မတော်        အရာရှိကြီးများ၊  ကယားပြည်နယ်         ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊    အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး     ဗိုလ်ချုပ် လှမိုးနှင့်  တာဝန်ရှိသူများ  လိုက်ပါ ၍  ယနေ့တွင်  လွိုင်ကော်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား      ပြောကြား သည်။

 


မဆုတ်မနစ်ထမ်းဆောင်


ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ       ဒုတိယဥက္ကဋ္ဌက အမှာစကား     ပြောကြားရာတွင် တပ်မတော်သားများသည်  နိုင်ငံ တော်        ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရာ၌ ၂၄ နာရီ တာဝန် ရှိကြောင်း၊ ထိုသို့  ထမ်းဆောင်ရာ တွင်  တုံးတိုက်တိုက်၊  ကျားကိုက် ကိုက်    စိတ်ဓာတ်၊    လှေခွက် ချည်းကျန်         အလံမလှဲသည့် စိတ်ဓာတ်တို့ဖြင့်     မဆုတ်မနစ် ထမ်းဆောင်ကြရန်  လိုကြောင်း၊ စစ်ဆင်ရေး၊     လုံခြုံရေးတာဝန် ထမ်းဆောင်ရာတွင် သင်ကြားပေး သည့်   စစ်ပညာများကို    မှန်မှန် ကန်ကန် အသုံးချရန်နှင့် တပ်ဆင် ပေးထားသည့်  လက်နက်၊ ခဲယမ်း၊ ကိရိယာများကို        အပြည့်အဝ ထိရောက်စွာ  အသုံးချရန်လိုကြောင်း၊ သို့မှသာ    ပြည်သူ၏    အသက် အိုးအိမ်စည်းစိမ်ကို  ကောင်းမွန်စွာ ကာကွယ်   စောင့်ရှောက်နိုင်မည် ဖြစ်ကြောင်း။

 


ချက်ချင်းအရေးတယူဖြေရှင်း


စစ်ဆင်ရေးနှင့်     လုံခြုံရေး လုပ်ငန်းတာဝန်များ     ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်     တပ်တွင်း စည်းလုံး        ညီညွတ်ရေးသည် အရေးကြီးကြောင်း၊           အရာရှိ၊ စစ်သည်၊ မိသားစုများ၏  အခက် အခဲနှင့်        လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်       အဆင့်ဆင့် သတင်းပို့စနစ်များ၊     တပ်တွင်း ဆန္ဒဖော်ထုတ်မှုစနစ်များ     ရှိပြီး ဖြစ်၍ တာဝန်ရှိသူများက  မှန်ကန် စွာ ပြုလုပ်ခြင်း၊  သတင်းပို့တင်ပြ ခြင်းများကို   ချက်ချင်းအရေးတယူ ဖြေရှင်း  ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးရန်လိုကြောင်း။

 


နိုင်ငံတော်နှင့် တပ်မတော်မှ ပေးအပ်ထားသည့်     ရပိုင်ခွင့်နှင့် သက်သာချောင်ချိမှုများဖြစ်သည့် လစာ၊  စရိတ်၊  ရိက္ခာ၊  နေထိုင်ရေး၊ သွားလာရေး၊    စားသောက်ရေး၊ ကျန်းမာရေးနှင့်   ပညာရေးများကို အရာရှိ၊   စစ်သည်၊   မိသားစုများ အားလုံး အချိန်မီတစ်ပြေးညီ ရရှိ အောင်       ဆောင်ရွက်ပေးရန် လိုကြောင်း။

 


ကျန်းမာရေးသည် အရေးကြီး


အရာရှိ၊ စစ်သည်၊ မိသားစုများ အနေဖြင့်  အထက်မှပေးအပ်သော တာဝန်များကို        ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်နှင့် မိမိတို့၏ မိသားစုရေးရာ     တာဝန်ဝတ္တရား များကို  အပြည့်အဝ  လုပ်ကိုင်နိုင် ရန်မှာ ကျန်းမာရေးသည် အရေးကြီး ကြောင်း၊ ထို့ကြောင့်  အထက်ဌာန များမှ    လမ်းညွှန်ပေးထားသည့် ကျန်းမာရေး   ညွှန်ကြားချက်များ နှင့်အညီ   နေထိုင်စားသောက်ရန် လိုကြောင်း ပြောကြားသည်။

 


ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်   ကာကွယ်ရေးဦးစီးချုပ် (ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက   တပ်နယ်များရှိ အရာရှိ၊ စစ်သည်၊      မိသားစုများအတွက် စားသောက်ဖွယ်ရာများ   ပေးအပ် ရာ   တာဝန်ရှိသူများက   လက်ခံ ရယူကြသည်။ 
ရင်းရင်းနှီးနှီးနှုတ်ဆက်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယ ဥက္ကဋ္ဌ        ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်   (ကြည်း)    နှင့် အဖွဲ့ဝင်များသည်          အရာရှိ၊ စစ်သည်၊         မိသားစုများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

 


အားပေးစကားပြောကြား


ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်  ကာကွယ်ရေး ဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်   အဖွဲ့ဝင်များသည် လွိုင်ကော်မြို့ရှိ        နယ်မြေခံ တပ်မတော်ဆေးရုံသို့ သွားရောက် ၍ ဆေးရုံတက်ရောက်ဆေးကုသ မှု    ခံယူလျက်ရှိသည့်   အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး အခြေအနေများကို  ရင်းရင်းနှီးနှီး မေးမြန်းကြည့်ရှု   အားပေးစကား ပြောကြားပြီး လက်ဆောင်ပစ္စည်း များ ပေးအပ်ခဲ့ကြောင်းနှင့် တာဝန် ရှိသူများ၏  တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 


ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်


ထို့ပြင်   ခရီးစဉ်တွင်  လိုက်ပါ လာသည့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊     မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်   ဗိုလ်ချုပ် ဇင်မင်း ထက်သည်          လွိုင်ကော်မြို့ရှိ ပြည်နယ်    ရဲတပ်ဖွဲ့ရုံးသို့   သွား ရောက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များ၊ မိသားစုဝင်များအား ရင်းရင်း နှီးနှီးတွေ့ဆုံ၍   လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား    မှာကြားပြီး တင်ပြချက်များအပေါ်    လိုအပ် သည်များ       ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ  စားသောက် ဖွယ်ရာများ   ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။      

 

သတင်းစဉ်