နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိ

 

နေပြည်တော်  မတ်   ၁၅


နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေး ပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party) နှင့်  မွန်ညီညွတ်ရေးပါတီ (Mon Unity Party) တို့သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင် ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လာရောက်လျှောက်ထားခဲ့သည်။

 


ယနေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၆ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင် ခြင်း ဥပဒေပုဒ်မ ၂၅ အရ လျှောက်ထားသော  ပါတီ ၂၀ ပါတီဖြစ်၍ စုစုပေါင်း ၂၆ ပါတီဖြစ်ပါသည်။ ယင်း ၂၆ ပါတီတွင် ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၆ ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ  စည်းရုံးမည့် ပါတီ ၂၀ ပါတီဖြစ်ပြီး အဆိုပါပါတီများကို   တည်ထောင်ခွင့်နှင့်  မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်