
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကယားပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ
နေပြည်တော် မတ် ၁၅
ကယားပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေး လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကယားပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ပိုးရယ်အောင်သိန်း၊ ခွန်စံလွင်၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုး၊ ဒုတိယဝန်ကြီး များ၊ ကယားပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင် များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က ကယားပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိ သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ဆက်လက်ပြီး ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းနိုင်စိုး ၊ ဆီစက်လုပ်ငန်းရှင် ဦးလှသောင်း၊ ပြောင်းအခြောက်ခံစက်နှင့် သဘာဝမြေဩဇာ ထုတ်ယူခြင်း လုပ်ငန်းရှင် ဒေါ်သန်းသန်းနု၊ လွိုင်ကော်စက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဝင်းဇော်ထွန်း၊ ကယားပြည်နယ် ကုန်သည်ကြီး များအသင်း အတွင်းရေးမှူး ဦးသိန်းလွင်၊ စိုက်ပျိုးရေး လုပ်ငန်းရှင် ဒေါ်မေသူဇော်နှင့် ကြက်၊ ဝက် မွေးမြူ ရေးလုပ်ငန်းရှင် ဦးခွန်ကျော်စိုးမိုးနိုင်တို့က လုပ်ငန်း များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ကြရာ ဒုတိယဝန်ကြီးများက ဝန်ကြီးဌာနများ အလိုက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက် ပေးမှု၊ လုပ်ငန်းအတွက် ချေးငွေ ရယူလိုမှုနှင့်ပတ်သက် ၍ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ တင်ပြဆောင်ရွက်နိုင်မှု၊ ဒေသဖွံ့ဖြိုးရေး နှင့် လူမှုစီးပွားဘဝမြင့်မားစေရေး၊ ဝင်ငွေတိုးပွားစေ ရေးတို့အတွက် သမဝါယမအသင်းအဖွဲ့များစုဖွဲ့၍ လိုအပ်သည့် အရင်းအနှီးများ မတည်ဆောင်ရွက်ပေး မှု၊ သွင်းအားစု ရရှိရေးအတွက်လည်း ဆောင်ရွက်ပေး လျက်ရှိသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် လက်အောက်ရှိ နယ်မြေခံဦးစီးဌာနများမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်မှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနများအလိုက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အားပေးဆောင်ရွက်လျက်ရှိမှုစသဖြင့် သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ပြန်လည်ရှင်းလင်းကြသည်။
လိုအပ်သည်များ အမြဲစီမံဆောင်ရွက်ပေး
ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး အမှာစကား ပြောကြားရာတွင် ကယားပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့နှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အလေးထား စိတ်ဝင်စားလျက်ရှိပြီး လိုအပ်သည်များကို အမြဲစီမံ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နယ်မြေအခြေအနေ နှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုများကို နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် မပြတ်ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း၊ MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် အေဂျင်စီများ ဖွဲ့စည်းမှုဖြင့် ရပ်တန့်နေ၍မရဘဲ လုပ်ငန်းများ အမှန်တကယ် လည်ပတ်နိုင်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ Member Card နှင့် ပတ်သက်၍ MSME လုပ်ငန်းများအပြင် အခြားလုပ်ငန်းရှင်အားလုံး ပြုလုပ် ထားရန်လိုကြောင်း၊ Member Card သည် အခွင့် အရေးများစွာရှိပြီး လေ့ကျင့်သင်ကြားမှု၊ ဈေးကွက် ရရှိမှုများအပြင် နိုင်ငံတကာအထိ ပြပွဲ၊ ပြိုင်ပွဲများတွင် ခင်းကျင်းပြသနိုင်ရန် အခွင့်အလမ်းများရှိ၍ လုပ်ငန်း ရှင်များအနေဖြင့် ပြုလုပ်ထားရန်လိုကြောင်း၊ Human Resources နှင့်ပတ်သက်၍ MSME နှင့် ဆက်နွှယ် သော ဝန်ကြီးဌာနများအလိုက် Website များ ဖွင့်လှစ်ထားရှိပြီး သင်တန်းများ ဖွင့်လှစ်ပေးနေမှုများ ကို လေ့လာကြည့်ရှုနိုင်ကြောင်း၊ စက်မှုဇုန်အတွင်း လုပ်ငန်း ၆၂ ခု လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အတွက် အကျိုးရှိအောင် ဆောင်ရွက်ရန် လိုကြောင်း၊ ကုန်ထုတ်လုပ်မှု ဆောင်ရွက်ရာတွင် လည်း ဒေသထွက်ကုန်ကြမ်းကိုအခြေခံ၍ အရည် အသွေးကောင်းသည့် ကုန်ချောထုတ်လုပ်ကာ ပြည်ပ သို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်ရန်လိုကြောင်း။
ကယားပြည်နယ်၏ အဓိကထွက်ကုန်ကြမ်းများ ဖြစ်သော ပြောင်း၊ ဆန်မွှေး၊ ငရုတ်၊ ဖာလာ စသော ကုန်ကြမ်းများစွာရှိ၍ ၎င်းတို့ကို အခြေခံပြီး တန်ဖိုး မြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်ခြင်းဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးကို အလျင်အမြန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ One Region - One Product အရ ဒေသ၏ နာမည်ကြီးထုတ်ကုန်ဖြစ်သော ဝက်အူချောင်း၊ အထည်များထွက်ရှိရာ ထုပ်ပိုးမှု အဆင့်မီအောင် မြှင့်တင်၍ ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရန် လိုကြောင်း။
နည်းပညာများရယူလိုပါက ဆောင်ရွက်ပေးမည်
မွေးမြူရေးနှင့်ပတ်သက်၍ သုံးစွဲရမည့် အရင်းအနှီး၊ အစာ ၊ ထုတ်ကုန်ဖြစ်သော နေရာ၊ လုပ်သားအတွက် စနစ်တကျ စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ဥပမာ အနေဖြင့် ကာကီကင်းဘဲ မွေးမြူရေးလုပ်ငန်းသည် နေရာ၊ အရွယ်အစား အနည်းငယ်ဖြင့် အရေအတွက် များစွာ မွေးမြူနိုင်ပြီးနေရာကျဉ်းကျဉ်း လူနည်းနည်း ဖြင့် ဝန်ကျဉ်းစွာဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ လိုအပ် သည့် နည်းပညာများ ရယူလိုပါက စီမံဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ဆန်မွှေးနှင့် ပတ်သက်၍ ထုတ်ကုန်အရည်အသွေးသည် အရေးကြီးကြောင်း၊ ထုတ်ကုန်များသည် (Good Manufacturing Practices) နှင့် (Good Agricultural Practices) ရှိသည်နှင့် မရှိသည် ကွာခြားမှုရှိပြီး ပစ္စည်းတူသော် လည်း ဈေးနှုန်းရရှိမှုမှာ အဆမတန် ကွာခြားကြောင်း၊ ဈေးကွက်ရရှိမှု ကွာခြားသဖြင့် GMP/GAP သင်တန်း များ မဖြစ်မနေ လုပ်ဆောင်သင့်ကြောင်း၊ အလားတူ နိုင်ငံခြားပို့ကုန်များနှင့်ပတ်သက်၍ အရည်အသွေး အာမခံ အန္တရာယ်ကင်းရှင်းမှုအတွက် FDA လက်မှတ် သည်လည်း ပြည်ပဈေးကွက်အတွက် အရေးကြီး သော လိုအပ်ချက်ဖြစ်ကြောင်း။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်နယ်ဖွံ့ဖြိုးရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကယားပြည်နယ်သို့ ငွေကျပ် ၁၀ ဘီလီယံ အရင်းမပျောက်မတည် ပေးထားကြောင်း၊ ကယား ပြည်နယ်အနေဖြင့် အခြားပြည်နယ်များနှင့် တစ်ပြေးညီ တစ်ဟုန်ထိုးဖွံ့ဖြိုးတိုးတက်ရန် စေတနာဖြင့် ဒေသခံ ပြည်သူများအတွက် ထုတ်ပေးထားခြင်းဖြစ်ကြောင်း။
ကျွမ်းကျင်လုပ်သားရရှိရန် အရေးကြီး
ချေးငွေရယူမှုနှင့် ပတ်သက်၍ ပြန်လည်ပေးဆပ် ရန်မှာ အရေးကြီးကြောင်း၊ သို့မှသာ ထပ်မံလုပ်ကိုင် လိုသူများအတွက် ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ MSME အတွက် လိုအပ်သော အဓိကအချက်မှာ အရင်းအနှီးဖြစ်ပြီး ချေးငွေရယူလိုကြောင်း၊ တင်ပြ လာသည်ကို တွေ့ရကြောင်း၊ ချေးငွေတင်ပြသူများ တွင် ယခင်ကြွေးမြီကို ပေးဆပ်ရန် ကျန်သူအများစုကို တွေ့ရှိရကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ပတ်သက်၍ ထုတ်လုပ်မှု၊ စီမံခန့်ခွဲမှု၊ ဈေးကွက် စသော ကုန်ထုတ်လုပ်မှုအဆင့်ဆင့်အတွက် ကျွမ်းကျင် လုပ်သားရရှိရန်မှာ အရေးကြီးကြောင်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအားလုံးတွင် ကုန်ကြမ်းမှ ဈေးကွက်ရောက်သည်အထိ အဆင့်လိုက်တွင် ကျွမ်းကျင်သူများ လိုအပ်ကြောင်း၊ MSME လုပ်ငန်း ကော်မတီများတွင် Website များရှိ၍ သင်တန်း ဆိုင်ရာ လေ့ကျင့်မှုများအတွက် တင်ပြတောင်းခံရန် လိုကြောင်း။
မိမိတို့နိုင်ငံတွင် ပညာရေးအားနည်းမှုများရှိခဲ့ပြီး စက်ကိရိယာများ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရန်မှာ အနည်းဆုံး KG+9 အဆင့် အောင်မြင်ရန်လိုကြောင်း၊ သို့မှသာ Vocational Training မှတစ်ဆင့် အဆင့်မြင့် ပညာရေးနှင့် လုပ်ငန်းခွင်များအထိ ဆက်လက်သွား နိုင်မည်ဖြစ်ကြောင်း။
နှစ်စဉ်နိုင်ငံခြားငွေများစွာ သုံးစွဲနေရ
သွင်းအားစုနှင့်ပတ်သက်၍ လုပ်ငန်းအလိုက် အမျိုးအစားများစွာရှိကြောင်း၊ လျှပ်စစ်၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ စသဖြင့် ရှိမည်ဖြစ်ကြောင်း၊ လျှပ်စစ် နှင့်ပတ်သက်၍ နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးမှုများ ရှိသကဲ့သို့ ဒေသအလိုက် ဖြစ်နိုင်သည့် နေစွမ်းအင်သုံး လျှပ်စစ်၊ ရေအားလျှပ်စစ်များကိုလည်း တစ်ပိုင်တစ်နိုင် ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်ကြောင်း၊ စက်သုံးဆီနှင့် ပတ်သက်၍ နှစ်စဉ်နိုင်ငံခြားငွေ များစွာ သုံးစွဲနေရ သဖြင့် ချွေတာသုံးစွဲရန် နိုင်ငံတော်ဝန်ကြီးချုပ်မှလည်း လမ်းညွှန်မှာကြားထားကြောင်း။
MSME အဓိက ဦးတည်ချက်သည် ဒေသ ကုန်ကြမ်းကို အခြေခံထုတ်လုပ်၍ ပြည်ပသို့ ပို့နိုင် သည်အထိ အရည်အသွေးကောင်းရန်လိုကြောင်း၊ ထိုသို့ MSME လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် ကုန်ကြမ်းထုတ်လုပ်သူ၊ ကုန်ချောထုတ်လုပ်သူ၊ ရောင်းဝယ်သူအားလုံး အကျိုးရှိမည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့်လည်း ရရှိသည့် အခွန်ဝင်ငွေဖြင့် ဝန်ထမ်းများအား လုပ်ခ လစာများနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း များကိုလည်း ပံ့ပိုးဆောင်ရွက်ပေးနိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် MSME သည် အဓိကအရေးကြီးပြီး Importer အဆင့်မှ ပြည်ပသို့ တင်ပို့သူ Exporter အဖြစ် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအထိ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ဌာနဆိုင်ရာ ဝန်ထမ်းများ အတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က လက်ခံရယူ သည်။
ခင်းကျင်းပြသထားမှုများကို ကြည့်ရှု
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် ဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက် ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာ လက်မှုထုတ်ကုန်များစသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုကြရာ တာဝန် ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များလိုက်ပါ၍ လွိုင်ကော်မြို့ရှိ ဥတ္တရာရုံကျောင်းတိုက်သို့ သွားရောက် ကာ ရတနာသီရိကျောင်းဆရာတော် အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပဏ္ဍိတ အမှူးပြုသော သံဃာ တော်များအား ဖူးမြော်ကြည်ညို၍ ငါးပါးသီလ ခံယူ ဆောက်တည်ကြကာ ဆရာတော် သံဃာတော်များ အား ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး ရတနာသီရိကျောင်းဆရာတော်ထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် ဆရာတော်ကြီးများ ထံသို့ သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြ လျှောက်ထားကြပြီး ဆရာတော်များထံမှ ဆုံးမ ဩဝါဒများနာယူခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်