
နေပြည်တော် မတ် ၁၄
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ကို ဆက်လက်ကျင်းပရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရူပဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၂၅၄၄ ဦးရှိကြောင်း သိရသည်။
ယနေ့တွင် နိုင်ငံခြားစာစစ်ဌာန ၅ ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၃၈ ခု စာစစ်ဌာန စုစုပေါင်း ၈၄၃ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၃၅၅၉၂ ဦးရှိပြီး စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၂၅၄၄ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်းအနေဖြင့် ၉၀ ဒသမ ၃၈ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
သတင်းစဉ်