
နေပြည်တော် မတ် ၁၄
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ ၏ ခွင့်ပြုချက်ဖြင့် NPK Motor Co.,Ltd မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ် အားသွင်းစက် (EV Charger) 60 KW ငါးစုံသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာ သဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံး ယာဉ် အားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရ သည်။
သတင်းစဉ်