ရေကြည်မြို့နယ် ဆီဆုံကုန်း - ကြို့ကုန်း ကွန်ကရစ်တံတားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

 

ရေကြည် မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး ရေကြည် မြို့နယ်ရှိ   ကျေးရွာပြည်သူများ အတွက်  အထူးအကျိုးရှိစေမည့် ဆီဆုံကုန်း - ကြို့ကုန်း ကွန်ကရစ် တံတားသစ်အား မတ် ၁၂ ရက်  နံနက်  ၁၁  နာရီက တိုင်းဒေသကြီး  ဝန်ကြီးချုပ်  တက်ရောက်ဖွင့်လှစ် ခဲ့‌ကြောင်း သိရသည်။
ဖွင့်ပွဲတွင်   ဧရာဝတီတိုင်းဒေသ ကြီးဝန်ကြီးချုပ်   ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်    နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး         တင်ဇော်ထွန်းနှင့် ကျေးလက်လမ်း  ဖွံ့ဖြိုးရေးဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်း တို့က   တံတားကို   ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။(ဝဲပုံ)
အဆိုပါတံတားသည်  အရှည် ပေ ၆၀ ၊ အကျယ် ၁၄ ပေရှိပြီး ဆီဆုံကုန်း - ကြို့ကုန်း - လှေဆွဲရိုး- မဲဇလီကုန်း          လမ်းပေါ်တွင် တည်ရှိကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ် တိုင်းဒေသကြီး (ငွေလုံး ငွေရင်း) ရန်ပုံငွေ ၂၀၅ ဒသမ ၅၀ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ  တည်ဆောက်ခဲ့ ခြင်းဖြစ်‌ကြောင်း၊             တံတား‌ တည်ဆောက်ခဲ့ခြင်းကြောင့် ဆီဆုံ ကုန်းကျေးရွာအုပ်စု     အတွင်းရှိ  ကျေးရွာ  သုံးရွာမှ အိမ်ခြေ  ၁၀၁ အိမ်ရှိ ကျေးရွာပြည်သူ ၃၂၀ နှင့် ကြို့ကုန်းကျေးရွာအုပ်စု အတွင်းရှိ  ကျေးရွာ သုံးရွာမှ အိမ်ခြေ ၃၁၂  အိမ်ရှိ ကျေးရွာပြည်သူ ၁၈၅၀တို့ ၏ ပညာရေး၊  ကျန်းမာရေးကိစ္စများ နှင့်  ဒေသထွက်ကုန်ပစ္စည်းများကို လျင်မြန်စွာ ပို့ဆောင်ဆက်သွယ် ရောင်းဝယ်နိုင်မည်   ဖြစ်ကြောင်း          သိရသည်။               
ခရိုင်(ပြန်/ဆက်)