လိပ်သိုဒေသထွက် ရိုဘတ်စတာကော်ဖီစေ့များ ယခုနှစ်တွင် မကြုံစဖူး ဈေးကောင်းရရှိ

 

လိပ်သို   မတ်   ၁၁
ကရင်ပြည်နယ်  သံတောင်ကြီးမြို့နယ် လိပ်သိုဒေသ၌ စိုက်ပျိုးသော   ရိုဘတ်စတာ(Robusta)   ကော်ဖီစေ့ များ(ဒေသအခေါ်  ကော်ဖီအသေးများ) ယခုနှစ်တွင် မကြုံစဖူး ဈေးကောင်းရရှိလာ၍ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့်        သိုလှောင်ရောင်းဝယ်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ယခင်က ဒေသထွက် ရိုဘတ်စတာကော်ဖီစေ့များ မှာ ဈေးကောင်းမရရှိခဲ့ဘဲ တစ်ပိဿာလျှင် အများဆုံး ကျပ် ၄၅၀ဝ အထိသာ   ဈေးရရှိခဲ့ပြီး  ယခုနှစ်တွင် တစ်ကြိမ်တစ်ခါမျှ   မရရှိခဲ့သော  ဈေးနှုန်းဖြစ်သည့်  ကော်ဖီစေ့တစ်ပိဿာလျှင် ကျပ် ၈၅၀ဝ ဈေးအထိ  ရရှိလာခြင်းဖြစ်ကာ အာရေဗီးကားကော်ဖီစေ့များကဲ့သို့  တစ်ပိဿာလျှင်  ကျပ် ၁၀၀၀ဝ အထိ ဈေးရရှိရန် တောင်သူများက           မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ရိုဘတ်စတာကော်ဖီစေ့များ ဈေးကောင်းရရှိလာ သောကြောင့်       ဒေသခံတောင်သူများအနေဖြင့် လာမည့် စိုက်ပျိုးရာသီတွင် ရိုဘတ်စတာနှင့် အာရေ ဗီးကားကော်ဖီမျိုး နှစ်မျိုးလုံးကို တိုးချဲ့စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိနေပြီး ကော်ဖီပျိုးပင်များ ပျိုးထောင် ခြင်းနှင့်    ပျိုးပင်များလုံလောက်စွာ ရရှိရေးအတွက် ကြိုတင်မှာယူမှုများရှိနေပြီး စိုက်ပျိုးရန် ဥယျာဉ်ခြံမြေ များကို ခုတ်ထွင်   ရှင်းလင်းမှုများလည်း   ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)