ကယားပြည်နယ် လွိုင်ကော်မြို့အနီး ဗောဓိ ၅၀၀၀ ဗုဒ္ဓဥယျာဉ် တည်ဆောက်နေ

 

ကယားပြည်နယ် လွိုင်ကော်မြို့ ဒေါ်တချားကျေးရွာ အာယုသုခ ကျောင်း/ ရေထိန်းတံတားကျောင်းတွင် မတ်လဆန်းမှစတင်၍ ဗောဓိ ၅၀၀၀ ဗုဒ္ဓဥယျာဉ်  တည်ဆောက်လျက်ရှိကြောင်း  နယ်စပ်၊ တောင်တန်းနှင့် ကမ်းရိုးတန်းဒေသ ဗုဒ္ဓဘာသာ သာသနာ ပြန့်ပွား ရေး အသင်းချုပ် (မန္တလေး) မှ သိရသည်။

 


''လွိုင်ကော်မြို့နဲ့ ခြောက်မိုင်ဝေးတဲ့ ဟင်္သာရေခါးကျောင်းတိုက် အတွင်းမှာ မတ်လဆန်းကစပြီး ဗောဓိ ၅၀၀၀ ဗုဒ္ဓဥယျာဉ် တည် ဆောက်နေတာပါ၊ ဘုရားအဆူတိုင်းမှာ သူတို့ဒေသက ဖြစ်ထွန်းတဲ့ ဗောဓိပင်တွေ  စိုက်မှာပါ၊ ဗုဒ္ဓဘာသာဝင်များ ဘုရား ဒါယကာ ဖြစ်ရေးအတွက် ဖုန်း 09 975 764 323၊ 09 402 692 522၊ 09 660 850 399 တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်'' ဟု နယ်စပ်၊ တောင်တန်းနှင့် ကမ်းရိုးတန်းဒေသ ဗုဒ္ဓဘာသာ သာသနာ ပြန့်ပွား ရေးအသင်းချုပ် (မန္တလေး) ဥက္ကဋ္ဌ ဦးလှဝင်းက ပြောသည်။

 


လွိုင်ကော် ဗောဓိ ၅၀၀၀ ဗုဒ္ဓဥယျာဉ်က ဘုရားကို ပူဇော်ပြီး သား ဖြစ်သလို စိမ်းလန်းစိုပြည် သာယာသော တောအုပ်တစ်ခု ဖြစ်လာစေရန်၊ ဗောဓိ ၅၀၀၀ ဗုဒ္ဓဥယျာဉ်ကို မှီခိုပြီး ဘေးမဲ့တိရစ္ဆာန် များ အေးချမ်းစွာ နေထိုင်နိုင်စေရန်၊ ၁၂ ရာသီပတ်လုံး စိမ်းလန်း စိုပြည်နေသော ဥယျာဉ် တော်တစ်ခု ဖြစ်လာစေရန်၊ ဘုရားများအား ပွင့်သော ပန်းများဖြင့် ပူဇော်ပြီးသား ဖြစ်ရန်၊ တစ်ချိန်သော်အခါတွင် ပြည်သူများ ဘုရားဖူးရင်း အပန်းဖြေနားနေစရာနေရာ တစ်ခု ရရှိလာစေရန် ရည်ရွယ်၍ ဗောဓိ ၅၀၀၀ ဗုဒ္ဓဥယျာဉ်ကို အကောင် အထည်ဖော်ခြင်းဖြစ်သည်။ အဆိုပါ လွိုင်ကော် ဗောဓိ ၅၀၀၀ ဗုဒ္ဓဥယျာဉ်တွင် ဆရာတော် တစ်ပါးက ဗုဒ္ဓဂယာ ဗုဒ္ဓဥယျာဉ်တစ်ခု ကိုလည်း တည်နေကြောင်း သိရသည်။              

 

မောင်ပြည်သူ