
နေပြည်တော် မတ် ၁၁
အမျိုးသားအဆင့် လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motor Co., Ltd. မှ တင်သွင်းလာသော လျှပ်စစ်သုံး မော်တော်ယာဉ် ၁၅ စီးနှင့် Grand Sirius Co.,Ltd. မှ တင်သွင်းလာ သော လျှပ်စစ်သုံးမော်တော်ယာဉ် ၃၈ စီး စုစုပေါင်း လျှပ်စစ်သုံး မော်တော်ယာဉ် ၅၃ စီးသည် ယနေ့တွင် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြု ခဲ့ပြီး အဆိုပါ လျှပ်စစ်သုံး မော်တော်ယာဉ်များ တင်သွင်းမှု အတွက် အကောက်ခွန် ကင်းလွတ်ခွင့် ပြုထားကြောင်း သိရသည်။
သတင်းစဉ်