
နေပြည်တော် မတ် ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင် လျက်ရှိသော တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များကို စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ တိုင်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် စေတနာရှင် အလှူရှင်များ တက်ရောက် ကြသည်။
ဦးစွာတိုင်းမှူးက ကျေးဇူးတင် အမှာစကား ပြောကြားသည်။ ထို့နောက် စေတနာရှင်အလှူရှင်များက ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင် များအတွက်စားသောက်ဖွယ်ရာများကို ဂုဏ်ပြုပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူကြပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက စေတနာရှင် အလှူရှင်များကို ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း ဒေသတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံကြိုးစား ထမ်းဆောင်နိုင်ခဲ့ကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို တိုင်းမှူးက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ရာ ဆုရရှိကြသူများက လက်ခံရယူကြသည်။
ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုလှူဒါန်းသည့် စေတနာရှင် အလှူရှင်များ၏ ကိုယ်စားတာဝန်ရှိသူတစ်ဦးက ဂုဏ်ပြု လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တိုင်းမှူး က တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်