မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)ကျင်းပ

 

နေပြည်တော်   မတ်   ၁၁

 


မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှော ဖလှယ်ပွဲ    (၂၀၂၃)  ကို    ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန(၂)၌        ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး         ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းမှ အဖွင့်အမှာစကားပြောကြား၍ နှီးနှော ဖလှယ်ပွဲကို ကျင်းပသည်။

 


နှီးနှောဖလှယ်ပွဲ   နံနက်ပိုင်းနှင့်   မွန်းလွဲပိုင်း အစီအစဉ်များတွင်  main  symposium  အဖြစ် Quality Care in Medical Practice (အရည်အသွေး ရှေးရှု ကျန်းမာရေးစောင့်ရှောက်မှု) အကြောင်းကို ဆွေးနွေးကြပြီး၊ Genomic medicine in Myanmar-Current and Future Applications (မျိုးရိုးဗီဇဆိုင်ရာ ဆေးပညာကို  လက်ရှိနှင့် အနာဂတ်အသုံးချမှုများ)၊ Professor Ouppatham က Role of calcitriol in the management of chronic kidney disease (နာတာရှည်ကျောက်ကပ်ရောဂါ   ကုသမှုအတွက် ဗီတာမင်ဒီ၏   အခန်းက)၊   Living   with Hypertension   (သွေးတိုးရောဂါအတွက် ပြောင်းလဲ ကျင့်သုံးရမည့် လူနေမှုပုံစံသစ်)၊ Surgery Updates in Management of gastric cancer ၊ Inguinal Hernia and Sepsis၊ Dr. Takayuki Inagaki နှင့် မြန်မာဆရာဝန်ကြီးများက Updates in Neurosur-gery    (ဦးနှောက်အာရုံကြောခွဲစိတ်ရောဂါများ နောက်ဆုံးပေါ်   ခေတ်မီကုသမှု   နည်းလမ်းများ)၊ Updates in management of Colorectal cancer (အူမကြီးကင်ဆာကုသမှု  နောက်ဆုံးပေါ် ခေတ်မီ ကုသမှုနည်းလမ်းများ)၊ Haematopathological cases၊ Update in endoscopic surgery၊ Safe anaesthesia for every patient today၊ Updates on Prevention of Cervical Cancer ၊ update on Endocopic surgery (ကိုယ်တွင်းကြည့်မှန်ပြောင်းဖြင့် ခွဲစိတ်မှု နောက်ဆုံးပေါ် ခေတ်မှီကုသမှုနည်းလမ်း များ)၊ Safe anaesthesia (လုံခြုံစိတ်ချရစေရာ၊ မေ့ဆေးပေးစဉ်အချိန်တိုင်းမှာ)၊ Haematopath-ological   Cases   (သွေးရောဂါဖြစ်ပွားနေသော လူနာများ၏ ဖြစ်စဉ်ကို တင်ပြခြင်း)၊ Professor Dr. Tan Soo Young က Pathology Special Talk အဖြစ် Challenges in Diagnosis of Lymphoma၊ Standard care in cardiology(အရည်အသွေးရှေးရှု နှလုံးကုသမှု)၊ Dr. Sanjay Kalra က Basal insulin Addressing the Fasting Plasma Glucose Challenge(မနက်စာမစားမီ ဆီးချိုသွေးချိုကို အင်ဆူ လင်ဖြင့် ထိန်းညှိခြင်း) ၊ Osteoporosis: “Not to Miss”(အရိုးပါး အရိုးပွရောဂါ မမေ့လျော့သင့်ပါ)၊ Updates   in   Management  of   Common Hepatobiliary Problems (အသည်း ၊ သည်းခြေလမ်း ကြောင်းနှင့်   ပန်ကရိယဆိုင်ရာ  ရောဂါများ၏ နောက်ဆုံးပေါ်  ကုသနည်းများ)၊ Integrative care of Pain (နာကျင်မှုဝေဒနာအား စုပေါင်းကုသခြင်း)၊ Dr Taweesak Chotivatanapong နှင့် Dr.Suphasit Sathitrakool တို့က IHD: Stable Angina and Longterm  treatment  (နှလုံးသွေးကြောကျဉ်း ရောဂါအတွက်   ရေရှည်ကုထုံးများ)၊  (Standard Practice in Gastroenterology) (အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ  စံပြုကုထုံး) ခေါင်းစဉ် များဖြင့် ဟောပြောဆွေးနွေးကြပြီး တက်ရောက်လာ သူများက ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။                                  

သတင်းစဉ်