
နေပြည်တော် မတ် ၁၁
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုး တန်း ဒေသတစ်လျှောက်မှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အထူးကုဆေး အဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများ နှင့် သူနာပြုများသည် ယနေ့တွင် မာန်အောင်မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ခွဲစိတ်ကုသ ပြီးသော ဒေသခံပြည်သူများကို ဆေးရုံရေယာဉ်ပေါ်၌ တာဝန်ရှိ သူများက လိုက်လံကြည့်ရှု အားပေး၍ မျက်မှန်များ တပ်ဆင် ပေးပြီး အာဟာရဖြည့်စားသောက် ဖွယ်ရာများနှင့် လက်ဆောင် ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြ သည်။ ထို့နောက် အဆိုပါလူနာများ ကို မာန်အောင်မြို့ဆိပ်ကမ်းသို့ တပ်မတော် ရေယာဉ်ဖြင့် ပြန်လည် ပို့ဆောင်ပေးသည်။
ထို့အတူ နယ်လှည့်အထူးကု ဆေးအဖွဲ့သည် မာန်အောင် မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၂၁၂ ဦးကို မာန်အောင်မြို့ရှိ မြို့နယ်ခန်းမ၌ အခြေပြု၍ ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများဆက်လက် ဆောင်ရွက်ပေးကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ယနေ့တွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၇၅ ဦး၊ ခွဲစိတ်ရောဂါ ခုနစ် ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၄ ဦး၊ ကလေးရောဂါ ခြောက်ဦး၊ အရိုး ရောဂါ ၂၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၁၂ ဦး၊ မျက်စိ ရောဂါ ၂၆ ဦးနှင့် သွားနှင့်ခံတွင်း ရောဂါ ၃၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ထို့အပြင် အာထရာ ဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၂၅ ဦး၊ ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၁၈ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ တစ်ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေး ခြင်းများ ဆောင်ရွက်ပေးသည်။ ထို့နောက် တပ်မတော်အထူးကု ဆေးအဖွဲ့များ ပါဝင်သော တပ်မတော်ပင်လယ်သွား ဆေးရုံ ရေယာဉ် (သံလွင်)သည် မာန်အောင်မြို့မှ ကျောက်ဖြူ မြို့နယ်၊ စနဲမြို့သို့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယနေ့ နေ့လယ်ပိုင်းတွင် ဆက်လက် ထွက်ခွာခဲ့ကြောင်း သိရှိရသည်။
ကျန်းမာရေး ဆောင်ရွက်ပေး မှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြား သိခဲ့ရသည်။
“ဦးတို့ဒေသက သီးခြားကျွန်း ဖြစ်တဲ့အတွက် တခြားဒေသတွေနဲ့ ကူးလူးဆက်ဆံရတာ အခက်အခဲ တွေအများကြီး ရှိပါတယ်။ အထူး သဖြင့် မိုးတွင်းကာလတွေမှာ ဆိုရင် လှိုင်းတွေကြီးတဲ့အတွက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆေးကုသမှုလုပ်ငန်းတွေကို သွား ဖို့အတွက် အခက်အခဲတွေ အများကြီး ရှိပါတယ်။ ဒေသခံတွေ အတွက်တော့ အများကြီးအကူ အညီရပါတယ်။ ဘာလို့လဲဆိုတော့ အဝေးကို သွားပြီးတော့ မကုနိုင်တဲ့ သူတွေ မိမိဒေသမှာ ကိုယ်တိုင် လာရောက်ကုသပေးတဲ့ အတွက် အများကြီး သက်သာရာလည်း ရပါတယ်။ စိတ်ချမ်းသာမှုတွေ လည်း အများကြီးရပါတယ်။ ဦးကတော့ မြို့မိ မြို့ဖလည်းဖြစ်တဲ့ အတွက် ဒီမှာလိုအပ်တာလေးတွေ၊ လူမှုရေးဆိုင်ရာလိုအပ်တာလေးတွေကို လူနာလာပို့တဲ့သူတွေကို ရော၊ လူနာစောင့်တွေကိုရော ဧည့်ခံကျွေးမွေးဖို့အတွက် ဝိုင်းဝန်း ကူညီပေးပါတယ်။ လာရောက်ကုသ ပေးဖို့အတွက် လမ်းညွှန်ပေးတဲ့ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နဲ့မိသားစု ကိုလည်း အထူးကျေးဇူးတင်ပါ တယ်။ အခုလိုပဲ သံလွင်သင်္ဘောက ဦးတို့ဆီကို လာပြီးတော့ တကူး တက ကိုယ်တွေ့လာရောက် ကုသ ပေးတဲ့အတွက် ကျွန်းသူ၊ ကျွန်းသားများကိုယ်စား အထူးပဲ ကျေးဇူးတင်ပါတယ်”
“ကျွန်တော့်ရဲ့သွားက လှုပ်နေ တဲ့အတွက် နုတ်ချင်လို့ပါ။ သွား ရောဂါပေါ့။ ဒါကိုကုသချင်တဲ့ ဆန္ဒနဲ့ဒီကိုလာခဲ့တယ်။ ကျွန်တော် တို့ မာန်အောင်မြို့နယ်အတွက် သွားဘက်ဆိုင်ရာကိစ္စနဲ့ပတ်သက် လို့ အခက်အခဲတွေ အများကြီးရှိ တာပေါ့။ အခုလိုလာရောက်ပြီး ကုသပေးတာ၊ အခုလိုတကူးတက လာပြီး ဆောင်ရွက်ပေးတာ ကြောင့် ကျွန်တော့်တို့အနေနဲ့ လည်း ကုသဖြစ်တယ်။
ကျွန်တော့် အနေနဲ့လည်း အထူးပဲဝမ်းသာ တယ်။ ကျွန်တော်တို့မာန်အောင် မြို့မှာက အထွေထွေရောဂါဆေးကု ဌာန တစ်ခုပဲရှိပါတယ်။ ဒါပေမဲ့ အခုဒီနေရာမှာ နား၊ နှာခေါင်း၊ လည်ချောင်း၊ မျက်စိ၊ သွားဘက် ဆိုင်ရာရယ် အဘက်ဘက်က စုံလာ တဲ့အတွက် ကုသမှုကလည်း သူ့ ကဏ္ဍနဲ့သူ၊ သူ့ဌာနနဲ့သူ သီးခြားစီ ခွဲထားတော့ ပိုပြီးတော့ အဆင်ပြေတယ်လို့ မြင်မိပါတယ်။ အတတ်နိုင်ဆုံးကြိုးစားပြီးတော့ လူနာတွေကို အဆင်ပြေအောင် ဆောင်ရွက်နေတာ ကျွန်တော်တို့ အနေနဲ့ တွေ့မြင်ရပါတယ်။ ဒီလိုနိုင်ငံတော်အကြီးအကဲ ကနေ ပြီးတော့ ပြည်သူအတွက် ဒီလို စေတနာသန့်သန့်ရှင်းရှင်းနဲ့ကူညီပံ့ပိုးလို့ ပြည်သူအပေါ်မှာ ဒီလို ဆောင်ရွက်ပေးတဲ့ ဟာကို ကျွန်တော်တို့ဘက်က အဆုံးတိုင် ကျေးဇူးတင်ပါတယ်။ ကိုယ်ကျိုးမ ဖက် ကိုယ့်မိသားစုအတွက် မပါ ဘဲနဲ့ ပြည်သူအတွက်တတ်နိုင်တဲ့ ဘက်ကနေပြီး ပြည်သူ့အတွက် စွမ်းစွမ်းတမံလုပ်ကိုင်ဆောင်ရွက် ပေးတာကို ကျွန်တော်တို့အနေနဲ့ အများကြီး ဝမ်းသာပါတယ်။ ဒီလိုပဲ ဝိုင်းဝန်းပြီး ပြည်သူကို တတ်နိုင် သလောက် တစ်ဖက်တစ်လမ်းက နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်ပေး နိုင်ပါစေလို့ ကျွန်တော့်အနေနဲ့ ဆုတောင်းမေတ္တာပို့ပါတယ်။”
သတင်းစဉ်