ကိုရီးယားနိုင်ငံ၌ ကျင်းပမည့် Hadong ကမ္ဘာ့လက်ဖက်ပြပွဲသို့ မြန်မာနိုင်ငံ လုပ်ငန်းရှင်များပါဝင်ပြသနိုင်

 

ရန်ကုန်   မတ်    ၁၀


ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ Hodong Sports Park ၌ ၂၀၂၃ မေ ၄ ရက်မှ ဇွန် ၄ ရက်အထိ ကျင်းပပြုလုပ်မည့် World Tea Expo 2023 Hadong သို့  မြန်မာနိုင်ငံမှ   လုပ်ငန်းရှင်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နိုင်ကြောင်း ဖိတ်ကြားထားပြီး ပြပွဲပါဝင်ပြသရန် အတွက် ပြခန်းတစ်ခန်းကို အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

 


ပြပွဲတွင် နိုင်ငံတကာမှ ကုမ္ပဏီ ၆၀ က ပြခန်း ၁၀၀ ဖြင့် ပါဝင်ပြသ မည်ဖြစ်ပြီး လူဦးရေ တစ်သန်းကျော် လာရောက်ကြည့်ရှုနိုင်မည်ဟု ခန့်မှန်းထားကြသည်။ ပြခန်းပါဝင်ပြသခြင်းအားဖြင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်    ချိတ်ဆက်တွေ့ဆုံနိုင်မည်ဖြစ်ပြီး ဆွေးနွေးပွဲများလည်း ပါဝင်ကြောင်း သိရသည်။

 


ပြပွဲသို့   ပါဝင်ပြသလိုသူများအနေဖြင့်   စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် moctradefair@mayntrade.gov.mm သို့ ပေးပို့နိုင်ပြီး ဖုန်း ၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃  တို့သို့  ဆက်သွယ် နိုင်ကြောင်း သိရသည်။


သီရိ