
နေပြည်တော် မတ် ၁၀
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန် ခြင်းမရှိခဲ့သည့် ဥပဒေဘောင် အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆို လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်း သူများထံသို့ လွှဲပြောင်းပေးအပ် လျက်ရှိသည်။
ထိုသို့ လွှဲပြောင်းပေးအပ် လျက်ရှိရာ ယနေ့တွင် အရှေ့ တောင်တိုင်း စစ်ဌာနချုပ် အောင်ဆန်းခန်းမနှင့် အနောက် မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက် တပ်နယ်ခန်းမများ၌ ပြန်လည်ကြိုဆို လက်ခံခြင်းကို ပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများနှင့် ၎င်းတို့၏ မိဘ အုပ်ထိန်းသူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန် ရှိသူများက နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေဆိုင်ရာ ပုဒ်မများနှင့် အသိပညာပေး စကားများကို ရှင်းလင်းဆွေးနွေး ပြောကြား သည်။ ထို့နောက် ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့ သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့ သော မွန်ပြည်နယ် မော်လမြိုင် မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၉ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နှင့် မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ဝန်ခံ ကတိ လက်မှတ်ရေးထိုးစေကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ထံသို့ လွှဲပြောင်းအပ်နှံပေးကြ သည်။
PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော် ၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်ရေး သတ်မှတ် စည်းကမ်းချက်များ နှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည် ဆိုပါက ကြိုဆိုလက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှု ကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက် လျက်ရှိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ထံသို့ လွှဲပြောင်း အပ်နှံပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်