မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) အကြို အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ

 

နေပြည်တော်   မတ်   ၁၀


မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ(၂၀၂၃)၏    အကြိုအစီအစဉ်များအဖြစ် ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ယနေ့ တွင်   နေပြည်တော်ရှိ  မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) ၌ကျင်းပရာ   ကျင်းပရေး ဦးစီးကော်မတီနာယက   ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင် ဝင်းနှင့် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းတို့ တက်ရောက်အားပေးသည်။


နံနက်ပိုင်းတွင်    ကျန်းမာရေး      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြား ရေးမှူးချုပ်များ ပါဝင်သောအဖွဲ့သည် နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)၌     မြန်မာနိုင်ငံ အစာအိမ်နှင့်   အူသိမ်လမ်းကြောင်းခွဲစိတ်ကုပညာ အဖွဲ့က ဦးဆောင်၍ ကျင်းပသော Gastric Cancer Awareness and Gastrectomy သို့ သွားရောက်၍ Modular Operation Theatre ၌ လက်တွေ့သင်ကြား မှုများကို ကြည့်ရှုအားပေးကာ သင်တန်းဆရာများ အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြည်ထောင်စု ဝန်ကြီးက ပေးအပ်သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ပါမောက္ခ ဒေါက်တာသန်းဝင်းညွန့်က Chairperson အဖြစ်  ဆောင်ရွက်သည့်    Workshop  on  Mild Cognitive Impairment and Dementia (မှတ်ဉာဏ် ချို့ယွင်းမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ)သို့ တက်ရောက် အားပေးကာ Speaker ဖြစ်သည့် ထိုင်းနိုင်ငံ Mahidol University, Department of Preventive and Social Medicine မှ Professor Weerasak Muang-paisan, Geriatric Medicine ကို ဂုဏ်ပြုမှတ်တမ်း လွှာနှင့်   အမှတ်တရလက်ဆောင်ပစ္စည်း  ပေးအပ် သည်။


မွန်းလွဲပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) သင်ကြားရေးခန်းမ၌ စင်ကာပူနိုင်ငံ National University of Singapore မှ Head of Department of Pathology, Professor Tan Soo Young မှ Speaker အဖြစ်ကျင်းပသည့် Workshop on Pitfalls in Histopathology Laboratory Diagnosis သို့  တက်ရောက်အားပေး၍ ဒုတိယ ဝန်ကြီးက Professor Tan Soo Young ကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး နေပြည်တော် အရေးပေါ် အသက်ကယ်သင်တန်းဌာန၌ ကျင်းပသည့် Work-shop on High Quality CPR & Early defibrillation and Emergency Management of Cardiac Arrest Patients in hospital setting ၌ တက်ရောက် နေကြသော သင်တန်းသား  ၅၃ ဦးတို့ကို အရေးပေါ် အသက်ကယ်ခြင်းနှင့်ပတ်သက်သည့် သင်ခန်းစာ များကို Model များ၊ အထောက်အကူပြုပစ္စည်းများနှင့် လက်တွေ့သင်ကြားပေးနေမှုကို ကြည့်ရှုအားပေးကာ သင်တန်းဆရာများဖြစ်သော    အရေးပေါ်ကုသမှု ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူးများ၊ အထူးကု ဆရာဝန်များ၊ သူနာပြုများအား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်သည်။


ဆက်လက်၍   ဒုတိယဝန်ကြီးနှင့်  အဖွဲ့သည် ကလေးရောဂါအထူးကုဆေးရုံကြီး-နေပြည်တော်၌ ကျင်းပသည့်    Basic Laparoscopic Technique Workshop သို့ သွားရောက်၍ ဝမ်းဗိုက်မဖွင့်ရဘဲ Laparoscopy စက်ဖြင့် ခွဲစိတ်ကုသမှုကို လက်တွေ့ သင်ကြားဆွေးနွေးမှုများကိုလည်းကောင်း၊ သားဖွား မီးယပ်ရောဂါအထူးကုဆေးရုံကြီး-နေပြည်တော်၌ ကျင်းပသည့် Point-of-care Ultrasound Work-shop သို့ လည်းကောင်း သွားရောက်၍ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများမှ မြို့နယ်ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆရာဝန် များအား Ultrasound လက်တွေ့သင်ကြားပေးနေမှု များကို ကြည့်ရှုအားပေးပြီး သင်တန်းဆရာများဖြစ် သော ခွဲစိတ်ကုပညာဌာနနှင့် ဓာတ်မှန်ပညာဌာနမှ ပါမောက္ခ/ ဌာနမှူးများနှင့် အထူးကုဆရာဝန်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

သတင်းစဉ်