အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီး၌ သုံးမြွှာပူးကလေးငယ်များ အောင်မြင်စွာမွေးဖွား

 

ရန်ကုန်    မတ်   ၁၀


အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီး၌ ယနေ့ နံနက်ပိုင်းတွင် မိခင် ဒေါ်ဇင်သိမ့်သိမ့်အေးက သုံးမြွှာပူး ကလေးငယ်များ အောင်မြင်စွာမွေးဖွားခဲ့ကြောင်း သိရသည်။

 


ရွှေပြည်သာနေ ဦးဇာနည်မြင့်အောင်၏ ဇနီး  ဒေါ်ဇင်သိမ့်သိမ့်အေး  အသက် (၃၀) နှစ်သည် အင်းစိန် အထွေထွေရောဂါကုဆေးရုံကြီးတွင် ၎င်း၏တတိယကိုယ်ဝန်အား မီးမဖွားမီ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ခံယူခဲ့ပြီး ဆေးရုံကြီး၏ သားဖွားမီးယပ်ဌာနမှ စနစ်တကျ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကာ ယနေ့ နံနက် ၁၀ နာရီ ၃၃ မိနစ်တွင် ကိုယ်ဝန်အား အောင်မြင်စွာ ခွဲစိတ်၍ သုံးမြွှာပူးကလေးငယ်များ အောင်မြင်စွာ မွေးဖွားခဲ့ခြင်းဖြစ်သည်။

 


အဆိုပါ သုံးမြွှာပူးကလေးငယ်များမှာ မိန်းကလေးများဖြစ်ကြပြီး မွေးကင်းစ ပေါင်ချိန် ၃ ပေါင် ၁၄ အောင်စစီရှိကြ၍ မိခင်ရောကလေးပါ ကျန်းမာလျက်ရှိကြောင်း သိရသည်။                

သတင်းစဉ်