ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် ရှမ်းပြည်နယ် ညောင်ရွှေမြို့နှင့် ကလောမြို့ရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော်  မတ်  ၁၀


ခရီးစဉ်ဒေသအလိုက်     ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့်     ခရီးသွားမြှင့်တင်ရေးဆိုင်ရာ အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် မတ် ၇ ရက် မွန်းလွဲပိုင်းက ညောင်ရွှေမြို့ရှိ ဟိုတယ် များမှ ဟိုတယ်လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ အား ရွှေနန်းတော်ဟိုတယ်(အင်းလေး) ၌ တွေ့ဆုံ သည်။
တွေ့ဆုံစဉ်   ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန    တောင်ကြီးရုံးခွဲမှ   ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ညောင်ရွှေမြို့ရှိ ခရီးစဉ်ဒေသ များ၏   အခြေအနေ၊   ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှုအခြေအနေနှင့် အင်းလေးဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခရီးသွား လုပ်ငန်းသည် ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ လက်ရှိ တွင် တစ်စထက်တစ်စ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာ နေသော်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်ရန် လိုအပ်လျက်ရှိ ကြောင်း၊ အင်းလေးဒေသသည် သဘာဝအလျောက် ဖြစ်ပေါ်နေသည့် အခြေခံအရင်းအမြစ်ကောင်းများရှိသည့် ဒေသဖြစ်သည့်အပြင် ဒေသခံများ၏ လူနေမှု ဓလေ့ထုံးတမ်းအစဉ်အလာများသည်   ပြည်တွင်း ပြည်ပခရီးသွားများကို    စိတ်ဝင်စားမှုရှိစေသည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနသည် နိုင်ငံ၏အကျိုးစီးပွား၊ ဒေသ၏ အကျိုးစီးပွား၊ လုပ်ငန်းရှင်များ၏  အကျိုးစီးပွားနှင့် ပြည်သူလူထု၏ အကျိုးစီးပွားများကို အောင်မြင် ဖြစ်ထွန်းအောင် ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသား အဆင့်  ကျန်းမာရေးအသိအမှတ်ပြုလက်မှတ်ရရှိ သည့် ဟိုတယ် ကိုးလုံးကို အသိအမှတ်ပြုလက်မှတ် များပေးအပ်ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍     ပြည်ထောင်စုဝန်ကြီးသည် အင်းလေးကန်    သန့်ရှင်းသာယာလှပစေရေးနှင့် ခရီးသွားဧည့်သည်များ   စိတ်ချမ်းမြေ့စွာ  သွားလာ လည်ပတ်နိုင်ရေးတို့အတွက် ဒိုက်၊ ဗေဒါနှင့်အမှိုက် များ ရှင်းလင်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြည်တွင်းပြည်ပခရီးသွားဧည့်သည် များ   ခရီးစဉ်ဒေသဆိုင်ရာ  အချက်အလက်များကို လွယ်ကူစွာသိရှိနိုင်ရန်  ရည်ရွယ်၍ ဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် ညောင်ရွှေမြို့ရှိ သတင်းပြန်ကြား ရေးကောင်တာသို့    သွားရောက်ကြည့်ရှုစစ်ဆေး သည်။


ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး သည် ကလောမြို့ရှိ ဌာနဆိုင်ရာများ၊  ဟိုတယ်နှင့် ခရီးသွားဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဟိုတယ်များမှ  တာဝန် ရှိသူများကို Kalaw Heritage Hotel  ၌  တွေ့ဆုံ သည်။


တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိ အခြေအနေတွင်   ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာပြီဖြစ်သည့်အတွက်     ပြည်ပ ခရီးသွားဧည့်သည်များပါ ပိုမိုဝင်ရောက်လာစေရန် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်  သက်ဆိုင်ရာ တိုင်း ဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍   လိုအပ်သည်များ   ကူညီပံ့ပိုးဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ ကလောဒေသ၏ ကောင်းမွန် သည့်    ရာသီဥတုအခြေအနေ၊   သာယာလှပသည့် တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင်အလှအပ များကြောင့် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ စိတ်ဝင်စားမှုများပြားသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်ပါ ကြောင်း၊     ခရီးသွားဧည့်သည်များကို   ပြည့်ဝစွာ ဝန်ဆောင်မှုပေးနိုင်ရေး   ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊   ဟိုတယ်နှင့်   ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် ဒေသ၏အကျိုးစီးပွား၊ လုပ်ငန်း ရှင်များနှင့် ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှု၍ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် တက်ရောက်လာကြသည့် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်    ဟိုတယ်နှင့်ခရီးသွား ဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ၎င်းတို့ ၏   လုပ်ငန်းဆောင်ရွက်နေမှု   အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမောင်မောင်ကျော်က လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေးတင်ပြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသား အဆင့်ကျန်းမာရေး အသိအမှတ်ပြုလက်မှတ် ရရှိ သည့် ကလောမြို့ရှိ ဟိုတယ် သုံးလုံးကို အသိအမှတ် ပြုလက်မှတ်များ   ပေးအပ်ပြီး    ဆွေးနွေးတင်ပြ ချက်များအပေါ်    ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။                              

သတင်းစဉ်