
မြဝတီ မတ် ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရ သည့် မြဝတီမြို့မှ ဒေါ်နန်းမြင့်မြင့်ဝင်းသည် မတ် ၇ ရက်တွင် နေပြည်တော်မှ မြဝတီမြို့သို့ ပြန်လည်ရောက်ရှိလာရာ မြို့ခံပြည်သူများက ဂုဏ်ပြုကြိုဆိုကြသည်။
နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြသုခ (၂၇၅) တပ်ဦးကျောင်း ဦးစီးပဓာန နာယကဆရာတော် ဦးဆောင်သော တပည့်ဒါယကာများ၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့များ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွား ရေးအသင်းမှ အဖွဲ့များ၊ ပြည်သူများက မြဝတီမြို့အဝင် အာရှလမ်းမကြီး မှ သွားရောက်ကြိုဆိုခြင်းဖြစ်သည်။
အဆိုပါ သီရိသုဓမ္မသိင်္ဂီ (အမျိုးသမီးသာသနာနုဂ္ဂဟ ပထမအဆင့်) ဘွဲ့တံဆိပ် မှာ ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာတော်သုံးရပ် တိုးတက်စည်ပင်ထွန်းကား ပြန့်ပွားစေရန်အလို့ငှာ ဗုဒ္ဓသာသနာတော်အား ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ လှူဒါန်းခဲ့သည့်အတွက် ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)