(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပိုင်ရမ်း-ထီးထားပလို-ကော့သလို-တလံ-ရေအေးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

 

ဘားအံ   မတ်  ၁၀


(၇၈) နှစ်မြောက်  တပ်မတော်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန    ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ဒါ အောင်ကုမ္ပဏီမှ     တာဝန်ယူ ဆောင်ရွက်သော       ပိုင်ရမ်း-ထီးထားပလို- ကော့သလို-တလံ-ရေအေးလမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကို မတ် ၁၀ ရက်က အဆိုပါ လမ်း မုခ်ဦးတည်နေရာ၌ ကျင်းပ ရာ        ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး  တက်ရောက်အမှာ စကားပြောကြားသည်။


ပြည်နယ်    ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့်  လမ်းသည် ကရင်ပြည်နယ်၏ အဓိကလမ်းမ ကြီးများ၊   ပြည်နယ်ချင်းဆက် လမ်းမကြီးများဖြစ်သည့် သထုံ-ဘားအံ - အိန္ဒု - ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး၊ ဘားအံ-အိန္ဒု  -    ဇာသပြင်လမ်းနှင့် ဘားအံ-ဇာသပြင်အဖြောင့်လမ်း တို့အား   အဓိကဆက်သွယ်ပေး ထားသည့်    လမ်းတစ်လမ်းဖြစ် သည့်အပြင်  မဟာဆဒ္ဒန်လိုဏ်ဂူ တော်သို့    ဒေသခံပြည်သူများ၊ ရပ်နီး/ရပ်ဝေးဘုရားဖူးခရီးသွား ဧည့်သည်များ အချိန်တိုအတွင်း သွားလာနိုင်မည်ဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေချောမွေ့ စေကာ    ပြည်နယ်၏   ခရီးသွား လုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ကြောင်း၊   ကျေးလက်လမ်း တံတားများ   ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင်    ဆောင် ရွက်ပေးခြင်းဖြင့် ကျေးလက်ဒေသ ထုတ်ကုန်များ    ကုန်ကျစရိတ် သက်သာစွာဖြင့်    ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိစေမည်ဖြစ်ပြီး ကျေးလက်နေ    ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကိစ္စရပ်များအတွက် ကျေးလက် လမ်းကွန်ရက်များ   အသုံးပြု၍ အမြန်ဆုံး   ဆက်သွယ်သွားလာ နိုင်မည်ဖြစ်ကြောင်း  ပြောကြား သည်။


ထို့နောက်    ကရင်ပြည်နယ် ကျေးလက်လမ်း  ဖွံ့ဖြိုးရေးဦးစီး ဌာန   ညွှန်ကြားရေးမှူး (မြို့ပြ)ဦးစောကျော်ဝင်းက    လမ်းနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြား သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်  ဒေါ်ခင်ဆွေ ထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များက    ပိုင်ရမ်း-ထီးထားပလို-ကော့သလို - တလံ - ရေအေး လမ်း  ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်    ဖွင့်လှစ်ပေးကြပြီး လမ်းသစ်ကို  ဖြတ်သန်းကြည့်ရှု   စစ်ဆေးကြ ကြောင်း သိရသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)