
နေပြည်တော် မတ် ၁၀
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး (၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အဂတိလိုက်စား မှု တိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင်က သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ် မှုစနစ်ဖြစ်ပေါ်ရေးသည် ကော်မရှင် ၏ အမျိုးသားရေးတာဝန်ဖြစ် ကြောင်း၊ ဝန်ထမ်းများအနေ ဖြင့် တာဝန်ထမ်းဆောင်ရာတွင် ကော်မရှင်၏ ကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အရေး ကြီးကြောင်း၊ ဆောင်ရွက်ချက်များ အပေါ် အမြဲမပြတ် ကြည့်ရှု ထိန်းကျောင်း တည့်မတ်ပေးရန် လိုကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် အသိပညာပေး ခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ် (၃)ရပ်နှင့် တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိရာ အဂတိ လိုက်စားမှု မဖြစ်ပေါ်မီကပင် အသိပညာပေးရေးနှင့် ကြိုတင် တားဆီးကာကွယ်ရေးကို အထူး ဂရုပြု ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း။
အများပြည်သူ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန် နည်းလမ်း များစွာဖြင့် အသိပညာပေး ဆောင်ရွက်သင့်ပါကြောင်း၊ အဓိက ပြောကြားလိုသည်မှာ နောင် မျိုးဆက်သစ်ကျောင်းသား လူငယ် လူရွယ်များကို ငယ်စဉ်ကတည်း ကပင် ဗုဒ္ဓဘာသာဝင်တို့၏ အစဉ် အလာအတိုင်း ငါးပါးသီလ မြဲမြံ အောင်နှင့် ပြည်သူ့နီတိဆိုင်ရာ ကျင့်ဝတ်များကို သက်ဆိုင်ရာ ဌာနများ၏ ကူညီပံ့ပိုးမှုဖြင့် ထိရောက် ကျယ်ပြန့်စွာဖြင့် ကြိုးစားဆောင်ရွက်ပေးကြရန် လိုကြောင်း၊ တစ်ချိန်တည်းတွင် အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိက နှင့် ပြည်သူလူထုများအကြား အဂတိလိုက်စားမှု ပပျောက်ရေး လုပ်ငန်းစဉ်များကို ကျယ်ကျယ် ပြန့်ပြန့် အသိပညာပေးဆောင် ရွက်သွားရန် အထူးလိုအပ် ကြောင်း ပြောကြားသည်။
ယင်းနောက် ကံစမ်းမဲဆုကြီး များ မဲဖောက်ချီးမြှင့်ခြင်း၊ ဝန်ထမ်း တစ်ဦးချင်းအတွက် Track Suit အင်္ကျီများ လက်ဆောင်ပေးခြင်း၊ အဆို၊ အကများဖြင့် ဖျော်ဖြေခြင်းအပြင် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် နေ့လယ်စာ ကျွေးမွေးခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားသို့ ပြည် ထောင်စု စာရင်းစစ်ချုပ်၊ ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ အတွင်း ရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ နှင့် မိသားစုဝင်များ၊ ကော်မရှင် ရုံး ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြ သည်။
သတင်းစဉ်