စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ပနိုင်ငံများတွင် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် စီးပွားရေးသံမှူးများကို တွေ့ဆုံအမှာစကားပြောကြား

 

နေပြည်တော်   မတ်   ၁၀


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး   ဦးအောင်နိုင်ဦးသည် ပြည်ပနိုင်ငံများသို့   သွားရောက် တာဝန်     ထမ်းဆောင်ကြမည့် စီးပွားရေးသံမှူးများကို   ယနေ့ မွန်းလွဲပိုင်းက   အဆိုပါဝန်ကြီး ဌာန၌     တွေ့ဆုံပြီး    အမှာစကား ပြောကြားသည်။

 


တွေ့ဆုံစဉ်     ပြည်ထောင်စု ဝန်ကြီးက မိမိတို့နိုင်ငံမှ ထွက်ရှိ သည့် အဓိကပို့ကုန်များ၊ တန်ဖိုး မြှင့်ထုတ်ကုန်များကို နိုင်ငံတကာ ဈေးကွက်သို့ ပိုမိုတိုးမြှင့်တင်ပို့နိုင် ရေးနှင့် ဈေးကွက်ဝေစု ပိုမိုရရှိနိုင် ရေး၊  သက်ဆိုင်ရာ  နိုင်ငံများရှိ အဖွဲ့အစည်းများ၊    ကုန်သည် လုပ်ငန်းရှင်များ၊     အစိုးရများ နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ပြည်ပနိုင်ငံများမှ  မြန်မာနိုင်ငံ တွင်  လာရောက်ရင်းနှီးမြှုပ်နှံရန် ရင်းနှီးမြှုပ်နှံမှုများကို  ဖိတ်ခေါ် နိုင်ရေးနှင့်       ပြည်ပနိုင်ငံများ ၏ ဈေးကွက်အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ပြောကြားပြီး စီးပွားရေးသံမှူးများ အနေဖြင့် နိုင်ငံတော်၏ စီးပွားရေး နှင့် ကုန်သွယ်မှုကဏ္ဍ တိုးတက် မြင့်မားရေးအတွက်    မိမိတို့၏ ကျရာကဏ္ဍအလိုက်  ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင် ရွက်သွားရန် တိုက်တွန်းမှာကြား သည်။

 


တွေ့ဆုံပွဲသို့    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့်    စီးပွားရေး သံမှူးများ တက်ရောက်ကြသည်။


သတင်းစဉ်