NSSA ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်‌ပေးအပ်ပွဲကျင်းပ

 

ရန်ကုန်  မတ်  ၁၀


မြန်မာနိုင်ငံ        လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့ (NSSA) ၏  အမျိုးသား အဆင့်     အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု     အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနား ကို ယနေ့နံနက်ပိုင်းက  ရန်ကုန် တိုင်းဒေသကြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း သုဝဏ္ဏခန်းမ၌ ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။ 

 


အခမ်းအနားတွင် မြန်မာနိုင်ငံ လုပ်သားများ       ကျွမ်းကျင်မှု “စံ”    သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)   ဥက္ကဋ္ဌ၊   အလုပ်သမား ဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဦးဝင်းရှိန်က   NSSA    အနေဖြင့် ၂၀၁၄ ခုနှစ်ကစတင်ပြီး အလုပ် အကိုင်အလိုက်      ကျွမ်းကျင် လုပ်သားများကို   စစ်ဆေးအကဲ ဖြတ်၍ အမျိုးသားအဆင့် အလုပ် အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိ အမှတ်ပြုလက်မှတ်များ   ထုတ် ပေးလျက်ရှိကြောင်း၊     လက်ရှိ အချိန်ထိ အလုပ်အကိုင်  ၃၅ မျိုး အတွက်    ကျွမ်းကျင်လုပ်သား ၂၁၈၆၁ ဦးကို အသိအမှတ်ပြုပေး နိုင်ခဲ့ပြီး  ၁၈၁၇၀   ကို ကျွမ်းကျင်မှု အဆင့်အလိုက်   အသိအမှတ်ပြု လက်မှတ်များ    ထုတ်ပေးပြီးဖြစ် ကြောင်း။

 


၂၀၂၂-၂၀၂၃   ဘဏ္ဍာရေးနှစ် အတွင်း လျာထားလုပ်သား ၅၀၀၀ အနက် လက်ရှိအချိန်ထိ  ၄၇၀၂ဦး ကို   အသိအမှတ်ပြုပေးနိုင်ခဲ့ပြီး ၆၅၀ကို အသိအမှတ်ပြုလက်မှတ် များ    ထုတ်ပေးပြီးဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင်   အလုပ် အကိုင် ၁၀ မျိုးအတွက် သတ်မှတ် အဆင့်မီသူ ကျွမ်းကျင်မှုအဆင့်-၁ (၆၇၃) ဦးနှင့် ကျွမ်းကျင်မှုအဆင့်-၂ (၂၈) ဦး အပါအဝင်  အောင်မြင် လုပ်သား ၇၀၁ ဦး၊  ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန ၁၂ ခု နှင့်၊ Assessor   ၃၈   ဦးတို့ကို အသိအမှတ်ပြု    လက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း။

 


ကျွမ်းကျင်မှုအသိအမှတ်ပြု ခံရသည့်  လုပ်သားများအနေဖြင့် အခြေခံ   ကျွမ်းကျင်လုပ်သား အဆင့်မှ     ကျွမ်းကျင်လုပ်သား၊ ဘက်စုံကျွမ်းကျင်    လုပ်သား၊ ကြီးကြပ်သူ     နည်းပညာရှင် (ကျွမ်းကျင်မှုအဆင့်-၄)    အထိ အသိအမှတ်ပြုခံရရေး   အလေး ထား   ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။ 

 


မွန်းလွဲပိုင်းတွင်      ဒုတိယ ဝန်ကြီးသည် ရန်ကုန်တိုင်းဒေသ ကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊  အလုပ်သမားရေးရာ    ဌာနများမှ တာဝန်ရှိသူများ၊      စက်မှုဇုန် တာဝန်ခံများနှင့်အတူ        ဒဂုံ ဆိပ်ကမ်းမြို့နယ်ရှိ အာရှနဂါးနှင့် မြန်မာဟာဟေး    အထည်ချုပ် စက်ရုံသို့သွားရောက်၍   စက်ရုံ၊ အလုပ်ရုံများ၌     လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ    လမ်းညွှန် ချက်များနှင့်အညီ      လိုက်နာ ဆောင်ရွက်၍ အရည်အသွေးမြှင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင် ရေး ကြည့်ရှုအားပေးသည်။ 

 


ဒုတိယဝန်ကြီးနှင့်      အဖွဲ့ကို စက်ရုံ    အစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများက  လုပ်ငန်း ပိုင်းဆိုင်ရာ  ဆောင်ရွက်မှုများကို  ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က      နိုင်ငံတော်ဝန်ကြီးချုပ် လှိုင်သာယာစက်မှုဇုန်သို့ ရောက်ရှိ ချိန် ကုန်ထုတ်စွမ်းအားတိုးတက် ရေး၊ အရည်အသွေးမြှင့်ထုတ်ကုန် များ ထုတ်လုပ်နိုင်ရေး လမ်းညွှန် မှာကြားချက်နှင့်အညီ    အလေး ထား    လိုက်နာဆောင်ရွက်ရန် လိုကြောင်း၊   လုပ်ငန်းခွင်တည်ငြိမ် အေးချမ်းရေး အလုပ်ရှင်၊ အလုပ် သမား   လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်မှုသည်   အဓိကကျပြီး အရည်အသွေးမီ   ထုတ်ကုန်များ အချိန်မီ       ထုတ်လုပ်နိုင်ရေး ကျွမ်းကျင်လုပ်သားများ     ပြုစု ပျိုးထောင်ပေးရန်   လိုကြောင်း၊  စက်ရုံအတွင်းရှိ သတ်မှတ်အဆင့်မီ သူများကို    ကျွမ်းကျင်မှုအသိ အမှတ်ပြုလက်မှတ်များ ရယူနိုင် ရေး   အားပေးဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်ရောဂါ      ရရှိခံစားမှု လျော့နည်းကျဆင်းစေရေး ဦးစီး ဌာနများ၏       ညွှန်ကြားချက် များ၊  စစ်ဆေးရေးအရာရှိများ၏ အကြံပြုချက်များကို ကောင်းစွာ သိရှိလိုက်နာ    ဆောင်ရွက်ရန် လိုကြောင်း    မှာကြားပြီး   စက်ရုံ အတွင်း   လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ     မှာကြားခဲ့ ကြောင်း သိရသည်။ 


သတင်းစဉ်