ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   မတ်   ၁၀


ပြည်ထဲရေးဝန်ကြီးဌာန     တပ်ဖွဲ့ ဝင်/ဝန်ထမ်း   အရာထမ်း၊  အမှု ထမ်း    မိသားစုများက   မြို့နယ် အသီးသီးရှိ        ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော် နှင့်  ဆန်ကြာဆံများ  ဆက်ကပ် လှူဒါန်းလျက်ရှိသည်။


ထိုသို့  ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ       ပျဉ်းမနားမြို့နယ်ရှိ ရတနာသိဒ္ဓိ      ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး    မုံရွာ မြို့နယ်ရှိ မြို့မရွှေဂူကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ရွှေတောင်ကျောင်းတိုက်၊    မွန် ပြည်နယ်  မော်လမြိုင်မြို့နယ်ရှိ ရိုးဂိုးကျောင်းဟောင်း      ကျောင်း တိုက်၊    ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ မဟာဗောဓိ   ဗုဒ္ဓဂါယာကျောင်း တိုက်၊           မင်္ဂလာဒုံမြို့နယ်ရှိ ကောင်းဆုဝေ  ကျောင်းတိုက်နှင့် လှိုင်သာယာ      (အနောက်ပိုင်း) မြို့နယ်ရှိ     အောင်ဇေယျာမင်း ကျောင်းတိုက်တို့သို့        ဆွမ်း ဆန်တော်များကို လည်းကောင်း၊ ကချင်ပြည်နယ်        မြစ်ကြီးနား မြို့နယ်ရှိ မဟာဂန္ဓာရုံတိုက်သစ်ကျောင်းတိုက်၊      မန္တလေးတိုင်း ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ရှိ      မိုးကုတ်ရိပ်သာ(မြောက်)ကျောင်းတိုက်နှင့် အောင်မြေသာစံ မြို့နယ်ရှိ       ဣန္ဒြိယာရာမရွှေဂူ ကျောင်းတိုက်၊    ရန်ကုန်တိုင်း ဒေသကြီး    မရမ်းကုန်းမြို့နယ်ရှိ မစိုးရိမ်ရွှေကျင်     ကျောင်းတိုက် (ရှစ်မိုင်)၊          ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အောင်အပ်နှံ ကျောင်းတိုက်နှင့်  လားရှိုးမြို့နယ် ရှိ   ပန်အုပ်ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊       သံဃာတော်များ အတွက်    ပြည်ထဲရေးဝန်ကြီး ဌာန၊     တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာ         နေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသ ကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူ များက   သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း      သိရ သည်။


သတင်းစဉ်