ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ သောကြာနေ့ စကားဝိုင်းကျင်းပ ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ပိုမိုသိရှိနားလည်လာမည်

 

နေပြည်တော်  မတ် ၁၀   


ဝန်ထမ်းများ၏  လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နှင့်     ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရန်   ရည်ရွယ်သည့် Knowledge Sharing Progra-mme  (KSP)  သောကြာနေ့ စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ်  (၆)  ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင်        ရင်းနှီး မြှုပ်နှံမှုနှင့်          နိုင်ငံခြားစီးပွား ဆက်သွယ်ရေး        ဝန်ကြီးဌာန၌  ကျင်းပသည်။ 

 


ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီးဒေါက်တာကံဇော်က အသိ ပညာပေးမျှဝေမှု   စကားဝိုင်းမှ တစ်ဆင့် ဌာနရှိ ဝန်ထမ်းများသည် နိုင်ငံ့စီးပွားရေး  ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက်  မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူ  ဆောင်ရွက်လျက်ရှိ သည့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ပိုမိုသိရှိနားလည်လာမည်ဖြစ်ပါ ကြောင်း၊ ထို့အပြင် ကမ္ဘာ့စီးပွား ရေးနှင့် ဒေသတွင်းစီးပွားရေးတို့ နှင့်ဆက်စပ်လျက်ရှိသည့်  နိုင်ငံ တကာ ကုန်သွယ်မှုအခြေအနေ များ၊  အာဆီယံနှင့် ဒေသတွင်းနိုင်ငံ များအကြား      ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်လာပုံ     အဆင့်ဆင့် သမိုင်းကြောင်းများနှင့်      ကမ္ဘာ့ ကုန်သွယ်မှုမူဝါဒများ၊ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ များ   ပေါ်ပေါက်လာခြင်းအပြင် လွတ်လပ်သော ကုန်သွယ်မှုဝါဒ နှင့်       ကုန်သွယ်မှုဒေသများ တိုးတက်ပြောင်းလဲလာမှု၊ ပြည်ပ မှနိုင်ငံခြားငွေများ မိမိနိုင်ငံတွင်း သို့  စီးဝင်လာနိုင်မည့်  ကုန်သွယ် ရေးတွင်  အသာစီးရရှိနိုင်သည့် အခြေအနေများကို  သိရှိနားလည် နိုင်လာမည်      ဖြစ်ကြောင်းနှင့် အဆိုပါ  အသိအမြင်များဖြင့်  မိမိ တို့   လုပ်ငန်းခွင်နယ်ပယ်တွင် သုံးတတ်လျှင်     သုံးတတ်သလို အကျိုးပြုနိုင်မည်ဖြစ်သဖြင့်  ယခု ကဲ့သို့  ဆွေးနွေးပွဲစကားဝိုင်းများ ကျင်းပရခြင်း           ဖြစ်ကြောင်း ပြောကြားသည်။ 

 


အခမ်းအနားတွင်  နိုင်ငံခြား စီးပွားဆက်သွယ်ရေး    ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင် သဇင်က   အာဆီယံစီးပွားရေး ပေါင်းစည်းမှု       အဆင့်များ၊ “အာဆီယံ၏    လွတ်လပ်သော ကုန်သွယ်မှုဒေသများ” (ASEAN-Free  Trade  Area-AFTA)၊ လွတ်လပ်သောကုန်သွယ်မှု ဒေသ များတွင် ပါဝင်သည့် Traditional Areas  များနှင့်   New  and Emerging    issue    များနှင့်  လွတ်လပ်သော      ကုန်သွယ်မှု ဒေသများ၏   အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ        ခေါင်းစဉ်ဖြင့်   ရှင်းလင်းဆွေးနွေး   ပြောကြား သည်။ 

 


ထို့နောက် တက်ရောက်လာ ကြသူများက   ပြန်လည်မေးမြန်း ဆွေးနွေးခြင်းများ   ပြုလုပ်ခဲ့ကြ သည်။  အခမ်းအနားသို့   ရင်းနှီး မြှုပ်နှံမှုနှင့်    နိုင်ငံခြားစီးပွား ဆက်သွယ်ရေး  ဝန်ကြီးဌာနက  ဒုတိယဝန်ကြီး   ဒေါက်တာဝါဝါ မောင်၊ နိုင်ငံခြားစီးပွားဆက်သွယ် ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊      အဆင့်မြင့်အရာရှိများ နှင့်  အရာထမ်း / အမှုထမ်းများ Online အပါအဝင်   စုစုပေါင်း ဝန်ထမ်းအင်အား   ၁၀၀   ကျော် တက်ရောက်ကြသည်။ 


သတင်းစဉ်