
နေပြည်တော် မတ် ၉
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုး တန်း ဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) ဖြင့် ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အထူးကုဆေး အဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် တာဝန်ရှိသူများ က ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ ခွဲစိတ်ကုသပြီးသော ဒေသခံပြည်သူများအား ဆေးရုံ ရေယာဉ်ပေါ်၌ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာ များနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ကြသည်။
ထို့နောက် တပ်မတော်ပင်လယ် သွား ဆေးရုံရေယာဉ် (သံလွင်)သည် ယနေ့တွင် မာန်အောင်မြို့ သို့ရောက်ရှိရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ နှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုကြ သည်။ အဆိုပါ နယ်လှည့်အထူးကု ဆေးအဖွဲ့သည် မာန်အောင် မြို့နယ်ခန်းမ၌ အခြေပြု၍ မြို့နယ် အတွင်းရှိ ကျေးရွာနှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ ဒေသခံ ပြည်သူ ၈၅၅ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ယနေ့တွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၂၅၀၊ ခွဲစိတ်ရောဂါ ၄၁ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၅၉ ဦး၊ ကလေးရောဂါ ၃၄ ဦး၊ အရိုး ရောဂါ ၁၀၅ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၅၄ ဦး၊ မျက်စိ ရောဂါ ၂၅၀ နှင့် သွားနှင့်ခံတွင်း ရောဂါ ၆၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ထို့ပြင် ခွဲစိတ်ကုသ ရန်လိုအပ်သူ အထွေထွေခွဲစိတ် လူနာ လေးဦး၊ မျက်စိခွဲစိတ်လူနာ ခြောက်ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၇၉ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၃၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၇ ဦး တို့ကို ရောဂါရှာဖွေစမ်းသပ်ကုသ ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ် သူတစ်ဦးကို နီးစပ်ရာ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသ နိုင်ရေးစီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကျန်းမာရေး ဆောင်ရွက်ပေး မှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိ ခဲ့ရသည်-
“ကျွန်တော်တို့ တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့ လာမယ်ဆိုတာသိလို့ ဒီမှာလာပြ တာပါ။ အကုန်လုံးအဆင်ပြေ တယ်။ သူတို့စမ်းသပ်ပေးတယ်။ ကုန်းမြေထိစပ်တဲ့နေရာ မဟုတ် ဘူး။ သီးသန့်ကျွန်းလေးတစ်ခုဖြစ် နေတဲ့အခါ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အများကြီးအခက် အခဲရှိတယ်။ ဒီမှာကလည်း ဆရာဝန်တွေ လုံလောက်မှုမရှိတာ ကြောင့် တောင်ကုတ်၊ သံတွဲ၊ ရန်ကုန်တွေမှာ သွားပြရတယ်။ တောင်ကုတ်ဆိုရင် မိုင် ၄၀ ကျော် သွားရတယ်။ အထူးသဖြင့် မိုးရာသီ မှာဆိုရင် ပြည်သူတွေအနေနဲ့ တော်တော်လေး အခက်အခဲ တွေကြုံတယ်။ အခုတောင် တပ်မတော်နယ်လှည့် ဆေးကုသ ရေးအဖွဲ့ လာမယ်ဆိုကတည်း က တချို့တွေက ဝမ်းပန်းတသာ နဲ့ စောင့်မျှော်နေတာ ကြာပါပြီ။ ခွဲစိတ်ဖို့လိုတဲ့သူ ကျတော့လည်း ခွဲစိတ်ဖို့လိုသလို တပ်မတော်က ဆေးစစ်မှုကို တည်းခိုရိပ်သာက နေပြီး လိုလေသေးမရှိ လုပ်ပေးတဲ့ အတွက် အကုန်လုံး အဆင်ပြေ တယ်။ နောက်လည်း ဒီထက်မက ဒီအရပ်ကို လာနိုင်ပါစေလို့ လာလည်းလာပေးစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် တို့ဒေသက ဝေးလံခေါင်ပါးတဲ့ ဒေသ သီးခြားကမ္ဘာလေးလို ဖြစ် နေတာ။ ကုန်းနဲ့ဆက်စပ်မှုမရှိတဲ့ မြို့နယ်တစ်ခု ဖြစ်တဲ့အတွက် ကြောင့် သွားရေးလာရေးကအစ အခက်အခဲရှိတယ်။ အခုလိုလာ တဲ့အတွက်ကြောင့် အများပြည်သူ တွေက အလွန်ဝမ်းသာတယ်။ လုပ်ငန်းကြီး အောင်နိုင်ဖို့အတွက် လမ်းညွှန်ပေးတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် ကျန်းမာ ချမ်းသာပါစေလို့ အဘတို့က ဆုတောင်းပေးပါတယ်။”
“တပ်မတော် ဆေးကုသရေး အဖွဲ့ မာန်အောင်မြို့ကို လာ ရောက်မယ်ဆိုလို့ ကျွန်တော် တို့ မာန်အောင် ကျွန်းသား၊ ကျွန်းသူတွေဟာ အကုန်လုံး ဝမ်းသာနေတာကို တွေ့ရှိရပါတယ်။ ကျွန်တော်ကတော့ ဒီနေရာမှာ မျက်စိလာပြတဲ့ လူနာတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော့်မျက်စိက မျက်ကြည်လွှာ နည်းနည်းမှုန်လို့ ဒီမှာလာပြရခြင်း ဖြစ်ပါတယ်။ အခုလို လာပြတဲ့အချိန်မှာလည်း သင်္ဘောပေါ်မှာ ကျွန်တော့် မျက်ကြည်လွှာကို မြင်ပြီးတော့ ဆရာဝန်ကြီးတွေ၊ ပါရဂူကြီးတွေ က တတ်သိပညာနဲ့ အစွမ်းကုန် ကြိုးစားပြီးတော့မှ အခုအခါ ကျွန်တော့် မျက်ကြည်လွှာ ကြည်လင်သွားပါတယ်။ ဖြစ်တာ က နှစ်နှစ်လောက်ရှိပါပြီ။ ကျွန်တော်တစ်ခါမှ မပြဖူးပါဘူး။ အခုမှစိတ်ပါလို့ဒီမှာလာပြတာပါ။ အကုန်လုံး အဆင်ပြေပါတယ်။ လိုလေသေးမရှိပါဘူး။ ဒီမှာလုပ် တာ တပ်မတော်ဆေးကုသရေး အဖွဲ့က လိုလေသေးမရှိ ကျွန်တော် တို့တွေကို သူနာပြုတွေကော အကုန်လုံး လုပ်ပေးပါတယ်။ ဒါကြောင့် တကယ့်ကိုကောင်းတဲ့ စေတနာကောင်းတဲ့ ဆရာ ဆရာမ တွေ ဖြစ်တဲ့အတွက်ကြောင့် တခြားလူတွေလည်း အချိန် အားလျော်စွာ လာရောက်ပြသ ကြဖို့ ကျွန်တော့်အနေနဲ့ ဖိတ်ခေါ် အပ်ပါတယ်။ ကျွန်တော်တို့က တခြားနေရာမှာ သွားပြမယ်ဆို ရင် ကုန်ကျစရိတ်ကများမယ်။ နောက်ပြီး ကျွန်တော်တို့ မာန်အောင်မြို့နယ်က ရေကြောင်း သွားရတဲ့အတွက်ကြောင့် သွားရ လာရ လမ်းစရိတ်တွေအခက်အခဲ ကြုံပါတယ်။ အခုက ဒီမှာလာပြီး တော့ ကုသပေးတဲ့အတွက် အင်မတန် အဆင်ပြေပါတယ်။ ကုန်ကျစရိတ် ဘာမှမရှိပါဘူး။ လိုလေသေးမရှိ စားစရိတ်က အစ အကုန်လုံး အဆင်ပြေပါတယ်။ အခုလို လာရောက်ကုသပေးတဲ့ အတွက် ကျန်းမာရေးစောင့်ရှောက် ပေးတဲ့ ဆရာတွေ၊ ဆရာမတွေ၊ သူနာပြုတွေကို ကျွန်တော်တို့ မာန်အောင်မြို့သူ၊ မြို့သားအားလုံး ရဲ့ကိုယ်စား အထူးပင် ကျေးဇူး တင်ရှိကြောင်း ကျွန်တော့်အနေ နဲ့ ပြောကြားလိုပါတယ်။ အခု လိုပဲ ခဏခဏ မာန်အောင်မြို့ကို လာရောက်ဖို့ကိုလည်း မာန်အောင် သူ မာန်အောင်သားတွေရဲ့ ကိုယ်စား ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိ ပါတယ်။ ဒါကြောင့် ကျွန်တော် တို့မာန်အောင်ကျွန်းကို လာ ရောက်ပြီးတော့ အခုလို ပစ္စည်း၊ ဆေးဝါးပစ္စည်း စုံစုံလင်လင်နဲ့ စီမံဆောင်ရွက်ပေးတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။ နောက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုကို လည်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ ပါစေလို့လည်း ကျွန်တော်တို့ မာန်အောင်မြို့သူ မြို့သားများ ရဲ့ကိုယ်စား ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။”
“ကျွန်တော်တို့ မြို့ကို တပ်မတော် ဆေးကုသရေးအဖွဲ့ လာရောက်တယ်လို့ ကြားသိရ တော့ တော်တော်လေးကို ကျွန်တော်တို့ ဝမ်းသာပီတိဖြစ်ရပါ တယ်။ ကြုံရတာပေါ့၊ မိုးရာသီ ရောက်ရင်အတော်လေးကို အခက် အခဲဖြစ်တယ်။ ကုန်းလမ်းက သွား မရတော့ ရေလမ်းကို ကျွန်တော် တို့ အားထားနေရတယ်။ ကျွန်တော် တို့ကတော့ ဘာပဲဖြစ်ဖြစ် ဒီနေရာ မှာ နှစ်စဉ် နှစ်တိုင်း တစ်နှစ် ကို တစ်ခေါက်လောက် ပုံမှန် လာရောက် ဆေးကုသစေချင် ပါတယ်။ တတ်နိုင်တဲ့သူကတော့ ဘာမှပြဿနာမရှိဘူး။ မတတ်နိုင် တဲ့ လူတွေအတွက်ကတော့ အဆင် ပြေတာပေါ့။ ဒီကျွန်းဒေသကို ရောက်ဖို့ဆိုတာ တော်တော်လေး ကိုမလွယ်ဘူးလေ။ အခု ရောက် လာတဲ့အဖွဲ့တွေက ကျွန်တော်တို့ကို တော်တော်လေးကို ဂရုစိုက်ကြပါ တယ်။ ”
သတင်းစဉ်