ရွှေကူမြို့နယ် မိုးစစ်ကျေးရွာအတွင်းသို့ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

 

နေပြည်တော်  မတ်   ၉


ကချင်ပြည်နယ်    ရွှေကူမြို့နယ်   မိုးစစ်ကျေးရွာ အတွင်းသို့ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ 

 


ဖြစ်စဉ်မှာ မတ် ၈ ရက် နံနက် ၉ နာရီခွဲခန့်တွင် ကချင်ပြည်နယ် ရွှေကူမြို့နယ် မိုးစစ်ကျေးရွာအတွင်း သို့ KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့် လက်နက် ကြီး ဗုံးသီးမှာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲ ခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်စန်း ဌေး(၅၀)နှစ်နှင့် ဒေါ်မော်မော်အေး(၄၆)နှစ်တို့တွင် လက်နက်ကြီး   ဗုံးသီးစထိမှန်ဒဏ်ရာများ   ရရှိခဲ့ သဖြင့်  ဆေးကုသနိုင်ရေး  ရွှေကူမြို့နယ်  ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

 


ထိုသို့  စစ်ရေးပစ်မှတ်မဟုတ်သည့်   အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်လျက်ရှိသော ကျေးရွာ အတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များ နှင့်အညီ   ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။                                 

သတင်းစဉ်