
နေပြည်တော် မတ် ၉
(၇၈) နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေးဦးစီးကော်မတီ စတုတ္ထ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင် ခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးသို့ တပ်မတော် နေ့ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အဖွဲ့ဝင်များ နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက (၇၈) နှစ် မြောက် တပ်မတော်နေ့ အခမ်း အနားအား အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့ ကော်မတီများမှ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာ ကော်မတီများနှင့် လုပ်ငန်းအဖွဲ့ များမှ လုပ်ငန်းဆောင်ရွက်ထားရှိ မှုအခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြကြရာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ရှင်းလင်းတင်ပြမှုများကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်