
စစ်တွေ မတ် ၉
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် အာဆီယံနိုင်ငံ များနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးများမှ သံရုံးအကြီး အကဲများ၊ သံတမန်များ၊ အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှု ဗဟိုဌာန (AHA Center) မှ ကိုယ်စားလှယ်များသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရခိုင်ပြည်နယ်အတွင်းရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း၊ IDP စခန်း ပြောင်းရွှေ့နေရာချထားမည့် လုပ်ငန်းစဉ်များ ဆောင်ရွက်မှုများနှင့် NVC ကတ်ထုတ်ပေးနေမှုတို့ကို သွားရောက်ကြည့်ရှု လေ့လာကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက် ပိုင်းတွင် စစ်တွေမြို့ရှိ အမျိုးသမီးများအား နည်းမျိုးစုံ အကြမ်းဖက်ခြင်းမှ စောင့်ရှောက်သည့် ဂေဟာ (OSWSC) သို့ ရောက်ရှိကြပြီး ဂေဟာရှိ စောင့်ရှောက်ခံ အမျိုးသမီးများနှင့် ကလေးငယ်များကို အားပေး စကား ပြောကြားကာ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ကလေးကစားစရာ များကို ထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စစ်တွေမြို့ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာ သင်ကျောင်း၌ မတူကွဲပြားမှုများရှိသော်လည်း အတူ တကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရန်နှင့် ပြဿနာ များကို အတူတကွ ပူးပေါင်းဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် လူမှုသဟဇာတနှင့် လူမှုပေါင်းစည်း ရေးဆိုင်ရာ (ဆင့်ပွား) သင်တန်းသို့ ရောက်ရှိရာ သင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက သင်တန်း နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ သင်တန်းတွင် သင်ကြားနေမှုများကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင် ကျောင်း၌ စက်ချုပ်အတတ်ပညာဖြင့် လူမှုဘဝရပ် တည်နိုင်ရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းသို့ရောက်ရှိပြီး သင်တန်း တွင် တက်ရောက်သင်ကြားလျက်ရှိသည့် ဒေသခံ တိုင်းရင်းသူများနှင့် IDP စခန်းများမှ အမျိုး သမီးများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားကာ လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့မှ တပ်မတော် ရဟတ်ယာဉ်များဖြင့် ထွက်ခွာလာရာ ကျောက်ဖြူလေဆိပ်သို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ကျောက်တစ် လုံး IDP စခန်းသို့ ရောက်ရှိကြကာ စခန်းခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ IDP စခန်းအတွင်းရှိ မိသားစုဝင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးက IDP စခန်း ပြောင်းရွှေ့နေရာချထားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ခရိုင်အုပ်ချုပ် ရေးမှူး ဦးရဲလင်းမောင်က IDP စခန်းအတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး က IDP စခန်းရှိ အိမ်ထောင်စု ၃၇၅ စုအတွက် Family Kit များကို ထောက်ပံ့ပေးအပ်ရာ IDP စခန်း စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူများနှင့် IDP စခန်းရှိ မိသားစု များက လက်ခံရယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က IDP စခန်းရှိ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးအပ်ရာ IDP စခန်း မူလတန်းလွန်ကုလားပိုက်ဆိပ်ကျောင်း တာဝန်ခံနှင့် ကျောင်းသား ကျောင်းသူများက လက်ခံ ရယူကြသည်။
ဆက်လက်၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး က IDP စခန်းအသစ် ပြန်လည် နေရာချထားမည့်နေရာတွင် နေအိမ်မရရှိသေးသည့် အိမ်ထောင်စု ခုနစ်စုအတွက် အိမ်ထောင်စုတစ်စု လျှင် ငွေကျပ် ၁၅ သိန်း နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၀၅ သိန်းကို ပေးအပ်လှူဒါန်းရာ မိသားစုဝင်များက လက်ခံရယူကြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ က IDP စခန်းရှိ ဆေးပေးခန်းအတွက် ဆေးရုံသုံးပစ္စည်း များကို ထောက်ပံ့ပေးအပ်ရာ အုန်းတောကျေးလက် ကျန်းမာရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက လက်ခံ ရယူသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောက်တစ်လုံး IDP စခန်းမှ ထွက်ခွာလာကြရာ ကျောက်ဖြူသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းသို့ ရောက်ရှိကြပြီး စက်ရုံတာဝန် ရှိသူတစ်ဦးက ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်း အဆောက်အဦ ပုံစံငယ်အား ရှင်းလင်းပြသပြီး စက်ရုံဝင်း အတွင်း လုပ်ငန်းဆောင်ရွက်မှုများကို လိုက်လံ ကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် စစ်တွေမြို့ရှိ သက္ကေပြင် IDP စခန်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ထုတ်ပေးနေမှုတို့ကို ကြည့်ရှုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သက္ကေပြင် IDP စခန်းမှ ထွက်ခွာလာကြပြီး ကုလား တန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းသို့ ရောက်ရှိ ကြရာ ရှင်းလင်းဆောင်၌ ရခိုင်ပြည်နယ်ဆိပ်ကမ်းအရာရှိချုပ် ဦးနေဦးက ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်း ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြပြီး ဆိပ်ကမ်း အား လှည့်လည်ကြည့်ရှုကြသည်။
သတင်းစဉ်