နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ပိုင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတောင်ကြား (၂)ရပ်ကွက်၊ အင်းယားမြိုင်လမ်း၊ အလယ်တောရ စံပြစာသင်တိုက်၏ သာသနာ့မြေပေါ်ရှိ ဆောက်လုပ်ဆဲ ဓမ္မဝိဇယသာသနာ့ဗိမာန်တော် RC ၄ ထပ် အဆောက်အဦအတွက် လှူဒါန်းနိုင်ရေး နှိုးဆော်ခြင်း

 

ပွင့်တော်မူပြီးသော ဗုဒ္ဓမြတ်စွာဘုရားအဆူဆူတို့သည် “ဝိဟာရ  ဒါနံ  သံဃဿ၊ အဂ္ဂံ  ဗုဒ္ဓေန  ဝဏ္ဏိတံ”၊ (ကျောင်း၊  ဗိမာန်လှူဒါန်းခြင်းသည်    အမြတ်ဆုံး အလှူဒါနဖြစ်သည်)ဟု ချီးမွမ်းတော်မူခဲ့ပါသည်။

 


ဗုဒ္ဓမြတ်စွာဘုရားအဆူဆူတို့၏ဒေသနာတော်နှင့်အညီ “ပရိယတ္တိသာသနာ၊  ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ”ဟူသော သာသနာတော် သုံးရပ် အရှည်တည်တံ့ထွန်းကားပြန့်ပွားစေရန်   ရည်သန် ၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ပိုင် အလယ် တောရစံပြစာသင်တိုက်    မြေပေါ်တွင်   ဓမ္မဝိဇယ သာသနာ့ ဗိမာန်တော် RC ၄ ထပ် အဆောက်အဦကို မြေအကျယ် ၀.၆၈၈ ဧကပေါ်တွင် အလျား ၁၀၉' ၆"၊ အနံ ၄၆' ၆"၊ အဆောက်အဦအမြင့် ၅၀'၊ ပြာသာဒ် အဆောင် ၂၁' ၆" စုစုပေါင်း ၇၁' ၆" ဖြင့် ဆောက်လုပ် လျက်ရှိရာ ဤဓမ္မဝိဇယသာသနာ့ဗိမာန်တော်ကြီးဆောက်လုပ်ပြီးစီးပါက သာသနာပြုလုပ်ငန်းများကို ဤဗိမာန်တော်ကြီးတွင်     ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 


အဆိုပါသာသနာ့ဗိမာန်တော်ကြီး အပြီးသတ် ဆောက်လုပ်နိုင်ရေးအတွက် သဒ္ဓါတရား လက်ကိုင် ထားကာ ကျောင်းဗိမာန် ဒါယကာ၊ ကျောင်းဗိမာန် ဒါယိကာမအဖြစ် ခံယူနိုင်ရန် တတ်စွမ်းသမျှ မြတ်ဒါန ကို KBZ Bank A/C No.23132603400117001 သို့ လှူဒါန်းပေးနိုင်ပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော် အပ်ပါသည်။


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန