လယ်ဝေးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးနိုင်ရေး သွင်းအားစုများပေးအပ်

 

လယ်ဝေး  မတ်   ၉


ပြည်​ထောင်စုနယ်မြေ လယ်ဝေးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးနိုင်ရန်အတွက် သွင်းအားစုများ ပေးအပ် ခြင်းအခမ်းအနားကို ယမန်​နေ့နံနက် ၁၀ နာရီက အလယ်ကျွန်းကျေးရွာ အုပ်စု၌ ကျင်းပသည်။


ရှေးဦးစွာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးနိုင် ရေး မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊  မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က သွင်းအားစုများအား တောင်သူများ လက်ဝယ်သို့ အချိန်မီပေးအပ်နိုင်​စေရန်နှင့် တောင်သူများအနေဖြင့် လည်း အလေအလွင့်နည်းပါးစွာဖြင့် အကျိုးရှိအောင် အသုံးပြုနိုင်စေရေး ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးဝင်းအောင်က မျိုး​ ကောင်းမျိုးသန့်များ၊ သွင်းအားစုများဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်  အကောင်အထည်ဖော်ဆောင်ရွက် စေလို၍      ဘက်ပေါင်းစုံမှ    အောင်မြင်အောင်  ဆောင်ရွက်ရေးနှင့် သွင်းအားစုများအား စနစ်တကျအသုံးပြုနိုင်စေရေး ဆွေးနွေးပြောကြား သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝင်းက လယ်ဝေး မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးနေမှု၊ သွင်းအားစုများအား တောင်သူများထံ ပေးအပ်နေမှုအခြေအနေများ၊ သွင်းအားစုဖြန့်ဖြူးရေးလုပ်ငန်းနှင့် ဝယ်ယူကြိတ်ခွဲရေးလုပ်ငန်းများ နှင့် ပတ်သက်၍ တောင်သူများအား ရှင်းလင်းဆွေးနွေးသည်။


 ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် တာဝန်ရှိသူများက ဒေသခံနွေစပါးစိုက်တောင်သူများထံသို့ သွင်းအားစု များ ပေးအပ်သည်။  လယ်ဝေးမြို့နယ်အနေဖြင့် နွေစပါးစိုက်ပျိုးရန် အတွက် ချောင်းမငယ်၊ ပေါင်းလောင်း၊ သဲဖြူ၊မဒန်း စသည့်ဆည်များမှ ရေပေးဝေနိုင်ပြီး  နိုင်ငံ့စီးပွား​မြှင့်တင်ရေးရန်ပုံငွေဖြင့် ကျေးရွာအုပ်စု ၂၄  စုတွင်   စိုက်ဧကပေါင်း  ၇၁၇၅  ဧက  စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။                               

ဝေကြည်(ပြန်/ဆက်)