
ရန်ကုန် မတ် ၉
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းသည် ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူ လမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသားစာပေဆု စိစစ်ရွေးချယ် ရေးကော်မတီဝင်များ၊ စာပေ ဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး အဖွဲ့မှ စာပေပညာရှင်များနှင့် တွေ့ဆုံသည်။
နိုင်ငံတော်အဆင့်ကျင်းပ
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးက အမှာစကားပြောကြား ရာတွင် ယနေ့ တွေ့ဆုံပွဲသည် အမျိုးသားတစ်သက်တာစာပေဆု၊ အမျိုးသားစာပေဆုနှင့် စာပေ ဗိမာန်စာမူဆု ရွေးချယ်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရန်ဖြစ်ပါ ကြောင်း၊ ဆုရွေးချယ်ချီးမြှင့်ပွဲများ ကို နိုင်ငံတော်အစိုးရအဆက်ဆက် က တန်ဖိုးထားကာ အလေးအနက် ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ဆုပေးပွဲအခမ်း အနားကို နှစ်ကြိမ်တိုင် နိုင်ငံတော် အဆင့် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်တိုင် တက် ရောက် ချီးမြှင့်ခဲ့ပါကြောင်း။
ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် တစ်သက်တာစာပေဆု၊ အမျိုးသားစာပေဆုနှင့် စာပေ ဗိမာန်စာမူဆု ရွေးချယ်ရေးနှင့် ပတ်သက်ပြီး တာဝန်ကျေမဟုတ် ဘဲ စိတ်ရင်းစေတနာအမှန်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ စာပေ ပညာရှင်ကြီးများအနေဖြင့်လည်း အမျိုးသားတစ်သက်တာစာပေဆု အတွက် အသက်အရွယ်အရ၊ စာပေပညာအရ ပေးသင့် ပေးထိုက်သူ၊ ရသင့်ရထိုက်သူများ မကျန်ရှိစေရန် စိစစ်ရွေးချယ် ပေးနိုင်ရန် အကြံပြုပါကြောင်း၊ စာပေလောကကြီး တိုးတက်ဖွံ့ဖြိုး မှုရှိစေရေးအတွက် စာပေပညာရှင် ကြီးများက ဝိုင်းဝန်းကြပ်မတ် ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က စာပေဆု၊ စာမူဆု ရွေးချယ်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုများကို တင်ပြ ဆွေးနွေးသည်။
ဆွေးနွေး
ဆက်လက်၍ အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ ဆရာ ဦးစိန်လှိုင် (သူရဇော်)၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး)နှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် စာပေ ပညာရှင်ကြီးများက ဆုရွေးချယ်မှု ဆိုင်ရာ လုပ်ငန်းများပြင်ဆင်ထားရှိ မှုများကိုလည်းကောင်း၊ စာအုပ် များ လက်ခံရရှိမှု၊ ဆုရွေးချယ်ရေး ဆိုင်ရာ လုပ်ငန်းများ စီစဉ်ထားရှိ မှုများနှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက တင်ပြဆွေးနွေးချက် များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးစင်တာ၌ ပြုလုပ် သည့် (၇၈)နှစ်မြာက် တပ်မတော် နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရင်ခွင်မဲ့ကလေးများ ရန်ပုံငွေ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ မြန်မာပြည် သိန်းတန်နှင့် ရင်ခွင်မဲ့ကလေးများ စုပေါင်းသီဆိုထားသည့် ကြယ်စင် လေးများ သီချင်းအား Video Clip ဖွင့်၍ အခမ်းအနားကို ဖွင့်လှစ် သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတစ်ဝန်း တွင် အကြောင်းအမျိုးမျိုးကြောင့် ရင်ခွင်မဲ့ဖြစ်နေကြသည့် ရင်သွေး ရတနာလေးများနှင့် ဘဝအခြေ အနေ ချို့တဲ့နေကြသည့် ကလေး များစွာရှိပါကြောင်း၊ ထိုကဲ့သို့ ရင်ခွင်မဲ့နေကြသည့် ကလေးများ ကို စနစ်တကျပြုစုပျိုးထောင်ပြီး တန်ဖိုးရှိသော လူချွန်လူကောင်း များ ဖြစ်ပေါ်လာစေရန်အတွက် မေတ္တာဖြင့် ထုံမွှမ်း၍ ဝိုင်းဝန်း ကူညီစောင့်ရှောက်ရမည် ဖြစ်ပါ ကြောင်း။
ဝိုင်းဝန်းကူညီစောင့်ရှောက်
ရင်ခွင်မဲ့နေကြသည့် ကလေး များအား စာနာနားလည်မှုနှင့် ပံ့ပိုးကူညီမှုတို့ဖြင့် နွေးထွေး၊ အေးချမ်းပျော်ရွှင်သည့် မေတ္တာ ရင်ခွင်တစ်ခု ဖန်တီးပေးပြီး ၎င်းတို့ ၏ ပညာသင်ကြားရေး၊ စားဝတ် နေရေး စသည့်လိုအပ်ချက်များ ကို ဝိုင်းဝန်းကူညီစောင့်ရှောက်၍ စနစ်တကျ ပြုစုပျိုးထောင်ပေးမည် ဆိုလျှင် နိုင်ငံအတွက် အားကိုး အားထားပြုရသည့် လူချွန် လူကောင်းများ ဖြစ်လာစေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက လူငယ်ဖွံ့ဖြိုး ရေး ပရဟိတဂေဟာနှင့် ပရဟိတ အသင်းအဖွဲ့များကို ပံ့ပိုးပေးပြီး ရင်ခွင်မဲ့ ကလေးများအတွက် ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေး လျက်ရှိပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနအနေ ဖြင့် ရင်ခွင်မဲ့ကလေးသူငယ် များ ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးရေးကို တတ်စွမ်းသမျှ ဆောင်ရွက်ပေးလျက် ရှိပါ ကြောင်း၊ မိဘရင်ခွင်မဲ့နေကြသည့် ရင်သွေးရတနာလေးများနှင့် ဘဝ အခြေအနေ ချို့တဲ့နေကြသည့် ကလေးသူငယ်များအား ထောက်ပံ့ ကူညီနိုင်ရေးအတွက် “ကြယ် ကလေးများ၏ အနာဂတ်” တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက် ညတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံကျော်အဆိုတော် မြန်မာပြည် သိန်းတန်နှင့်အတူ အသက်လေးနှစ်မှ အသက် ၂၀ အရွယ် အထိ ရင်ခွင်မဲ့ကလေးများက တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေခဲ့ကြပါကြောင်း၊ ရင်ခွင့်မဲ့ ကလေးငယ်များအား ပညာ သင်ကြားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးနှင့် လူမှုဘဝတစ်လျှောက် ယုံကြည်မှု အပြည့်ဖြင့် လျှောက်လှမ်းနိုင်ရန် အတွက် ဝိုင်းဝန်းကူညီစောင့်ရှောက် ပေးကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာပြည် သိန်းတန်က ရင်ခွင်မဲ့ကလေး များအတွက် ရန်ပုံငွေရရှိရေး ဆောင်ရွက်ခဲ့မှုကို ရှင်းလင်း ပြောကြားသည်။
ပေးအပ်လှူဒါန်း
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည် စိုးထွန်း၊ မြန်မာနိုင်ငံ ဂီတအစည်း အရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)မှ အလုပ်အမှုဆောင် ဦးဌေးလွင်တို့က ရင်ခွင်မဲ့ကလေး များအတွက် ရန်ပုံငွေများကို ပေးအပ်လှူဒါန်းရာ နန်းဦး ပရဟိတကျောင်း၊ မင်္ဂလာလူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ကမာဆွဲလူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ၊ ကလေးဝတောရ ဘုန်းတော်ကြီးသင် ပညာ သင်ကျောင်း၊ မေတ္တာဝါဒီလူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ပညာ့ သိပ္ပံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ၊ လပြည့်ဝန်းလူငယ်ဖွံ့ဖြိုး ရေးပရဟိတဂေဟာ၊ အောင် ဇေယျာမင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာနှင့် ရတနာ့ဗိမာန် ပရဟိတကျောင်း တို့မှ တာဝန်ရှိသူများက လက်ခံ ရယူကြသည်။
ထို့နောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာ နိုင်ငံ ဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)မှ အမှု ဆောင် ဦးဌေးလွင်တို့က မုဒိတာ စကားများ ပြောကြားပြီး ပရဟိတ ကျောင်းများကိုယ်စား ခိုင်နှင်းဝေရင်သွေးလေးများဂေဟာမှ ဒေါ်ခိုင် နှင်းဝေက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
သတင်းစဉ်