ချောင်းဆုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ထောက်ပံ့ငွေ ပေးအပ်ပွဲကျင်းပ

 

ချောင်းဆုံ   မတ်  ၉


မွန်ပြည်နယ်   ချောင်းဆုံမြို့နယ် ၌   ပြည်နယ်အစိုးရ၏  ဒုတိယ အကြိမ်အဖြစ်     နိုင်ငံ့စီးပွား မြင့်တင်ရေးရန်ပုံငွေမှ     အရင်း မပျောက်   မတည်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို မြို့နယ် သမဝါယမဦးစီးဌာန      အစည်း အဝေးခန်းမ၌ ကျင်းပသည်။


အဆိုပါ      ပေးအပ်ပွဲအခမ်း အနားသို့     ပြည်နယ်သမဝါယမ ဦးစီးဌာန       ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေး၊           မြို့နယ် အထွေထွေအုပ်ချုပ်ရေး     ဦးစီး ဌာန   အုပ်ချုပ်ရေးမှူး   ဦးဇော် နိုင်ဝင်းနှင့်    ဌာနဆိုင်ရာ တာဝန် ရှိသူများ၊         မြို့နယ်သမဝါယမ ဦးစီးဌာန        ဦးစီးအရာရှိနှင့်   ဝန်ထမ်းများ၊ အသေးစားလုပ်ငန်း ရှင်များ     သမဝါယမအသင်းမှ ဥက္ကဋ္ဌနှင့်      အမှုဆောင်များ၊ အသင်းသား      လုပ်ငန်းရှင်များ တက်ရောက်ကြသည်။


ထို့နောက် တာဝန်ရှိသူများက ချောင်းဆုံမြို့နယ်ရှိ   အသေးစား လုပ်ငန်းရှင်များ      သမဝါယမ အသင်းမှ        ဓနိဖူးခြောက် လုပ်ငန်း၊     ကျောက်သင်ပုန်း လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနှင့် စတီးလုပ်ငန်း ဆောင်ရွက်နေသည့် အသင်းသား  လုပ်ငန်းရှင်များသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ထောက်ပံ့ ငွေကျပ်သိန်း    ၃၀၀   ပေးအပ် ခဲ့ကြောင်း သိရသည်။


သတင်းစဉ်