
နေပြည်တော် မတ် ၉
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေး ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ တက် ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တက်ရောက် လာကြသူများက ၂၀၂၃ ခုနှစ် (၅၈) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ခင်းကျင်းပြသ ရောင်းချမည့် ကျောက်စိမ်းတွဲများနှင့် ကျောက် မျက်အတွဲများ၊ ပုလဲအတွဲများ အတွဲဖွဲ့စည်းထားမှုနှင့် ရောင်းချ မည့်အခြေအနေ၊ လုံခြုံရေးဆိုင်ရာ အခြေအနေ၊ ပြပွဲတက်ရောက် မည့် ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များ၏ တည်းခိုနေထိုင် ရေး အခြေအနေနှင့် ပတ်သက်၍ ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးကြသည်။
အဆိုပါ အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဆက်စပ် ဝန်ကြီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းမှ ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်