တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်   မတ်   ၈


ရခိုင်ပြည်နယ်အတွင်းရှိ   ကမ်းရိုးတန်း ဒေသတစ်လျှောက်မှ     ဒေသခံပြည်သူ များကို     ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ     ဆောင်ရွက်ပေးရန် တပ်မတော်     ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)ဖြင့်  တပ်မတော်နှင့်    ကျန်းမာရေးဝန်ကြီးဌာနတို့မှ     အထူးကု ဆေးအဖွဲ့များမှ ပါရဂူများ၊   ဆေးမှူးများ နှင့်    သူနာပြုများသည်    ယနေ့တွင်   ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာ နှင့်       ပတ်ဝန်းကျင်ကျေးရွာများမှ မျက်စိခွဲစိတ်ကုသပြီးသော      ဒေသခံ ပြည်သူများအား ဆေးရုံရေယာဉ်ပေါ်၌    လိုအပ်သည့်      ဆေးဝါးကုသမှုများ      ဆက်လက်ဆောင်ရွက်ပေးရာ    တာဝန် ရှိသူများက လိုက်လံကြည့်ရှုအားပေး၍    မျက်မှန်များ တပ်ဆင်ပေးပြီး   အာဟာရ ဖြည့်    စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ    ထောက်ပံ့ ပေးအပ်ကြသည်။  ထို့နောက်     အဆိုပါ လူနာများကို   ကျောက်နီမော်ကျေးရွာ     တိုက်နယ်ပြည်သူ့ဆေးရုံသို့       တပ်မတော် ရေယာဉ်ဖြင့်    ပြန်လည်ပို့ဆောင်ပေးသည်။

 


ထို့အတူ        နယ်လှည့်အထူးကု ဆေးအဖွဲ့သည်       ကျောက်နီမော် ကျေးရွာနှင့်    ပတ်ဝန်းကျင်ကျေးရွာ များမှ      ဒေသခံပြည်သူ    ၈၄၆   ဦးကို ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံ၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှု    လုပ်ငန်း များ   ဆက်လက်ဆောင်ရွက်ပေးကြ သည်။

 


ထိုသို့      ဆောင်ရွက်ပေးရာတွင် ယနေ့၌       ဆေးကုသမှုဆိုင်ရာရောဂါ ၁၉၆ ဦး၊  ခွဲစိတ်ရောဂါ ၅၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၇ ဦး၊   ကလေးရောဂါ ၃၅ ဦး၊ အရိုးရောဂါ ၂၂၁ ဦး၊  နား/ နှာခေါင်း/ လည်ချောင်းရောဂါ   ၇၃  ဦး၊ မျက်စိရောဂါ   ၁၅၈ ဦးနှင့်   သွားနှင့် ခံတွင်းရောဂါ  ၇၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ    ဆောင်ရွက်ပေး သည်။    ထို့အပြင်   ခွဲစိတ်ကုသရန် လိုအပ်သူ     အထွေထွေခွဲစိတ်လူနာ တစ်ဦး၊   ဓာတ်မှန်ရိုက်လူနာ  တစ်ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေး လူနာ ၄၇ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ် လူနာ ၄၉ ဦးနှင့်  ဓာတ်ခွဲစမ်းသပ်လူနာ လေးဦးတို့ကို    ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ  ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ တစ်ဦးကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး  စီစဉ်ဆောင် ရွက်ပေးသည်။

 


ကျန်းမာရေး      ဆောင်ရွက်ပေးမှု အပေါ်  ဒေသခံပြည်သူများ၏ စကားသံ များကို  ယခုလိုပဲ ကြားသိခဲ့ရသည်-
“ဆရာဝန်တွေနဲ့    တစ်ခါမှ   မပြဖူး ပါဘူး၊ တစ်နှစ်လောက်ရှိပါပြီ မပြရတာ၊ အခုသင်္ဘောမှာ လုံလုံခြုံခြုံနဲ့  ပြခဲ့ရပါ တယ်။ ဆရာဝန်နဲ့ပြကြည့်တော့    ခွဲရ မယ်ဆိုလို့     ခွဲလိုက်ရတယ်။      အခုလို ခွဲလိုက်တော့       အမြင်အာရုံလည်း တော်တော်လေး  ကောင်းသွားပါတယ်။ အရင်ကထက်ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ရပါပြီ။        ကျွန်တော်နဲ့အတူတူ လာပြတဲ့သူတွေကို  လိုက်ပြီးမေးကြည့် တော့    သူတို့လည်း  တော်တော်လေး အဆင်ပြေတယ်လို့    ပြောကြပါတယ်။ အခု    ကျွန်တော့်ဘေးနားမှာပါလာတဲ့ ကျွန်တော့်အစ်ကိုကြီးတစ်ဦးကလည်း အမြင်အာရုံတွေ     တော်တော်လေး ကောင်းမွန်လာတယ်လို့    ပြောပါတယ်။

 

အရောင်တွေကိုလည်း    အရင်ကထက် ပိုပြီး  ရှင်းရှင်းလင်းလင်း  မြင်လာရတယ် လို့ပြောပါတယ်။    တော်တော်လေး အခြေအနေ    ကောင်းသွားပါတယ် လို့လည်း  ပြောပါတယ်။    ကျွန်တော် တို့    ခွဲစိတ်ပြီးတဲ့နောက်မှာ         ရှောင်ရ မယ့်    အစားအသောက်တွေကိုလည်း သေသေချာချာ        ပြောပြပါတယ်။ ဘယ်လိုဟာတွေကို      မလုပ်ရဘူး၊ ဘာတွေလုပ်ရမယ်    ဆိုတာကိုလည်း သေသေချာချာ     မှာလိုက်ပါတယ်။ အခုဆိုရင် အရင်ကထက်ပိုပြီး အများကြီး ကောင်းသွားပါပြီ။ ကျွန်တော့်အသက်က ၆၇ နှစ်ရှိပါပြီ။   ဒီလိုအခွင့်အရေးမျိုး တစ်ခါမှမကြုံဖူးပါဘူး။    အခုတစ်ခါ ကြုံရတာနဲ့  အတော်လေးဝမ်းသာသွား တယ်။    လူတွေကလည်း     တော်တော် လေး ဝမ်းသာကြတယ်။  မျက်စိရောဂါ သမားတွေအတွက် ဒီနေရာမှာ ဆရာဝန် မရှိပါဘူး။ အခုလို အခမဲ့လာရောက် ကုသပေးတဲ့အတွက်     အကြီးအကျယ် ဝမ်းသာနေကြပါတယ်။    နောက်လည်း အခုလိုမျိုး  လာရောက်ကုသပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။   အခုလိုမျိုး ကိုယ့်ရဲ့ရပ်ရွာကို  အရောက်လာရောက် ကုသပေးလို့     ပြောလို့မကုန်အောင် ဝမ်းသာပါတယ်။     နောက်ထပ်လည်း အခုလိုမျိုး       လာရောက်ကုသပေးဖို့ အတွက်   အထူးပင်  တောင်းဆိုချင်ပါ တယ်။   အခုလည်း   ထမင်းကအစ အချိုရည်အထိ    ဘာမှလိုလေသေးမရှိ အောင်စီစဉ်ပေးထားပါတယ်။ ဒါကြောင့် လည်း    ကျွန်တော်က  ကိုယ့်နယ်က လူတွေကို မိမိမှာရှိနေတဲ့ရောဂါတွေကို  လာရောက်ပြသကြပါ။     အကုန်လုံး အဆင်ပြေပါတယ်လို့    ဖုန်းဆက်ပြီး ပြောခဲ့ပါတယ်။ အခုလည်း တော်တော် များများ လာရောက်ကုသနေကြပါပြီ။ ဗိုလ်ချုပ်မှူးကြီးအနေနဲ့     ကျွန်တော် တို့ရဲ့ရောဂါဝေဒနာတွေ   ပျောက်ကင်း အောင် အခုလိုမျိုး လာရောက်ကုသပေး ဖို့အတွက်  စီစဉ်ပေးတဲ့အတွက် နောင် ဘဝအဆက်ဆက် အကျိုးထူး  အကျိုး မြတ်တွေ  ခံစားရပါစေလို့ ဆုတောင်း ပေးပါတယ်။ ကျေးဇူးလည်း  အထူးတင် ပါတယ်။  နောင်လည်း အခုလိုမျိုးလာရောက်ကုသပေးဖို့အတွက် ဆောင်ရွက် ပေးပါလို့ တောင်းဆိုချင်ပါတယ်”

 


“လူနာစာရင်းဇယားတွေကိုအကုန် စီစဉ်ဆောင်ရွက်ပေးရပါတယ်။ အခုလို မျိုး လူနာတွကို တကူးတက လာရောက် ကုသပေးတဲ့အတွက်  ကျွန်မတို့ရွာသူရွာသားတွေအနေနဲ့လည်း    စေတနာ မေတ္တာရှေ့ထားပြီး    ကူညီဆောင်ရွက် လုပ်ကိုင်ပေးတာပါ။ အခုလိုလာရောက် ပေးတဲ့အတွက်၊     အခမဲ့ကုသပေးတဲ့ အတွက်   ကျေးဇူးအများကြီး   တင်ပါ တယ်။    ဒီလိုလာရောက်ကုသပေးတာ ပထမဆုံးအကြိမ်ဖြစ်ပြီး    ကုသပေး တဲ့သူတွေကလည်း အခမဲ့ကုသပေးတဲ့ အပြင်   စည်းစနစ်တကျ   ကုသပေးတဲ့ အတွက်  တစ်ရွာလုံးလည်း  ဝမ်းသာကြ ပါတယ်။ အခုလိုဆေးကုသမှုဖြစ်မြောက် အောင်     စီစဉ်ပေးတဲ့     တပ်မတော် ကာကွယ်ရေးဦးစီးချုပ်       ဗိုလ်ချုပ် မှူးကြီး      မင်းအောင်လှိုင်   ကိုလည်း   တစ်ရွာလုံး   ကိုယ်စားအထူးတလည် ကျေးဇူးတင်ပါတယ်။ ”      

သတင်းစဉ်