
ရန်ကုန် မတ် ၈
မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်း ဆေးပညာဦးစီးဌာန ကွင်းဆင်း ကုသရေးအဖွဲ့က ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် အထက်ခမတ် စံပြကျေးရွာ၌ကျေးရွာ နေ ပြည်သူ ၂၄၂ ဦးအား အခမဲ့ ကွင်းဆင်းဆေးကုသပေးခဲ့သည်။
ပြည်သူများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး ခြင်းအပြင် ကျေးရွာရှိ အောင်သာ သီရိကျောင်းတိုက် ဆရာတော်ထံ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊ ကျောင်းဆောင်တည်ဆောက်ရန် အတွက် အလှူငွေများ၊ ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ရှိ ကျောင်းသား ကျောင်းသူ များ သုံးစွဲရန် ကျောင်းသုံးဗလာ စာအုပ်များ လှူဒါန်းသည်။
အခမဲ့ဆေးကုသမှုနှင့် လှူဒါန်း မှုအစီအစဉ်တို့ကို တိုင်းရင်းဆေး ပညာဦးစီးဌာန (ရန်ကုန်တိုင်း ဒေသကြီး) တိုင်းဦးစီးမှူး ဦးတင့် လွင်၊ ရန်ကုန် ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ ဆေးရုံအုပ်ကြီး ဒေါ်မူမူချို၊ မြန်မာနိုင်ငံ တိုင်းရင်း ဆေးဆရာအသင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူ များနှင့် ဆေးပစ္စည်းလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးမောင် မောင်ဦး (ဂရိတ်ဝေါ)၊ အတွင်းရေး မှူး ဦးဝင်းဇော် (အောင်ထိပ်တန်း)၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်း ဆေး ဆရာအသင်း အတွင်းရေးမှူး ဦးစိုးတင့် (မြစန္ဒာ)နှင့် တိုင်းရင်း ဆေးမိသားစုများက စုပေါင်း ဆောင်ရွက်ကြကြောင်း သိရ သည်။
ကိုထက်