
နေပြည်တော် မတ် ၈
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့/ဦးစီးဌာနများမှ ဝန်ထမ်းများ ၏ မိသားစုဝင် သား/သမီးများ ယဉ်ကျေးလိမ္မာ သင်တန်း၊ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ် အရိန္ဒမာခန်းမ၌ကျင်းပရာ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထဲ ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီနှင့်ဇနီး၊ ဒုတိယ ဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်း ဦးနှင့်ဇနီး၊ တပ်ဖွဲ့/ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ/အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ ဆရာမများနှင့် သင်တန်း တက်ရောက်ကြမည့် သင်တန်း သား သင်တန်းသူ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး က ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ပေးရခြင်းမှာ ပြည်ထဲရေး ဝန်ကြီးဌာန တပ်ဖွဲ့/ဦးစီးဌာန များမှ ဝန်ထမ်းများ၏ မိသားစုဝင် သား/သမီးများ ယဉ်ကျေးလိမ္မာပြီး အကျင့်စာရိတ္တမဏ္ဍိုင် မြင့်မား ကာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသည့် လူတော်/လူကောင်းများ ဖြစ်ပေါ်လာစေ ရန်၊ ရတနာသုံးပါးကို ရိုသေ ကိုင်းရှိုင်းတတ်စေရန်နှင့် အခြေခံ ကိုယ်ကျင့်တရားကောင်းများ သိရှိ လိုက်နာကျင့်သုံး တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ် ကြောင်း မှာကြားပြီး ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊ ဦးဆောင်အဖွဲ့ဝင် များသည် သင်တန်းတက်ရောက် ကြမည့် သင်တန်းသား သင်တန်း သူ၊ ကျောင်းသား ကျောင်းသူများ အား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။
အဆိုပါ ယဉ်ကျေးလိမ္မာ သင်တန်းကို ပြည်ထဲရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီး ဌာနတို့မှ ဝန်ထမ်းများ၏ မိသားစု ဝင် သား/သမီး၊ ကျောင်းသား ကျောင်းသူများအနက် Grade(2) မှ Grade(12) အထိ စုစုပေါင်း ၄၆၉ ဦးကို တန်းခွဲ လေးခု ခွဲ၍ တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ် ၈ ရက်မှ ၂၅ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်