ဒေါက်တာအောင်ကြီးက ပြန်ကြားရေးဝန်ကြီးဌာနရှိ ရုံးများနှင့် စာကြည့်တိုက်များအတွက် ၎င်းရေးသားသည့် စာအုပ် ၅၀၀  ပေးအပ်လှူဒါန်း

 

နေပြည်တော် မတ် ၈


ဒေါက်တာအောင်ကြီးက ပြန်ကြားရေး ဝန်ကြီးဌာနရှိ    ရုံးများနှင့် စာကြည့်တိုက် များအတွက်  စာအုပ်များလှူဒါန်းခြင်း   အခမ်းအနားကို  ယနေ့  နံနက်ပိုင်းတွင် နေပြည်တော်ရှိ     ပြန်ကြားရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားသို့     ပြန်ကြားရေး ဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊   ဒုတိယဝန်ကြီး  ဦးရဲတင့်၊   စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်    ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ   အောင်ကြီး၊    အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တာဝန် ရှိသူများ တက်ရောက်ကြ သည်။

 


ရှေးဦးစွာ   ပြည်ထောင်စုဝန်ကြီး   ဦးမောင်မောင်အုန်းထံသို့      ဒုတိယ ဝန်ကြီး   ဒေါက်တာ  အောင်ကြီးက   ၎င်းကိုယ်တိုင် ရေးသားပြုစုထားသော “ရင်ထဲကအဖေနှင့်    ပတ်သက်သည့်   စာစုများ” စာအုပ် ၂၅၀ နှင့် “စိုက်မွေး ဆည် စာစုများ”  စာအုပ်   ၂၅၀ စုစုပေါင်း စာအုပ်   ၅၀၀   တို့ကို   ပေးအပ်လှူဒါန်းရာ (ယာပုံ)ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ် သည်။

 


ထို့နောက်      ဒုတိယဝန်ကြီး ဒေါက်တာ    အောင်ကြီးက       စာအုပ် လှူဒါန်းရခြင်းအကြောင်းကို  ရှင်းလင်း ပြောကြားသည်။ ယင်းနောက်  ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက   ကျေးဇူးတင်စကား ပြန်လည်ပြောကြား ပြီး   အခမ်းအနားကို    ရုပ်သိမ်းလိုက် သည်။                   

 သတင်းစဉ်