ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ၂၀၂၃ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် ဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး

 

နေပြည်တော်    မတ်    ၈


ပညာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီး  ဝန်ကြီးချုပ်  ဦးတင်မောင်ဝင်း၊  အနောက် တောင်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး   ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းရှိ ၂၀၂၃ နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲစာစစ်ဌာနသို့  ရောက်ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့   မြန်မာစာဘာသာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

 


စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး


 ထိုသို့အားပေးကြည့်ရှုရာတွင် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင် ရာ    တာဝန်ရှိသူများကို တက္ကသိုလ်ဝင်စာမေးပွဲ   ဝင်ရောက်ဖြေဆိုကြ သည့် ကျောင်းသား ကျောင်းသူများ စည်းကမ်းရှိစွာဖြင့်  စိတ်အေး ချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို အချိန် နှင့်တစ်ပြေးညီ    ဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊    စာမေးပွဲကြီးကြပ်ရေးမှူး၊    လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့ လိုက်နာဆောင်ရွက်ကြရမည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာ  ဆောင်ရွက်ကြစေလိုပါကြောင်း၊  တက္ကသိုလ်ဝင်စာမေးပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်း ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြသူများအားလုံးကို  အထူးကျေးဇူးတင် ပါကြောင်း ပြောကြားသည်။

 


အလားတူ  ပြည်ထောင်စုဝန်ကြီးသည်  ယနေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ  အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၆)   အခြေခံပညာ  အထက်တန်းကျောင်းနှင့်  အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းများသို့  သွားရောက်၍  စာမေးပွဲဖြေဆိုကြမည့်    ကျောင်းသား  ကျောင်းသူများကို ရင်းရင်းနှီးနှီးအားပေးကာ   စာမေးပွဲ ဖြေဆိုမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 


စာမေးပွဲဖြေဆိုနေမှု ကြည့်ရှုအားပေး


ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ရှိ အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၅) အခြေခံပညာ အထက် တန်းကျောင်း၊ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း၊အမှတ်(၈)   အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၉) အခြေခံပညာ အလယ် တန်းကျောင်း(ယိုးဒယားကုန်း)၊ အမှတ်(၁၁)  အခြေခံပညာ အထက် တန်းကျောင်း (မြို့မ)သို့  သွားရောက်၍  ကျောင်းသား ကျောင်းသူ များ တက္ကသိုလ်ဝင်စာမေးပွဲ  အေးချမ်းစွာဖြေဆိုနေမှုများကို သွားရောက် ကြည့်ရှုအားပေးသည်။

 


ယင်းနောက်   ပြည်ထောင်စုဝန်ကြီးသည်   ရေကြည်မြို့နယ်ရှိ ငါးသိုင်းချောင်း အခြေခံပညာအထက်တန်းကျောင်း၊ ရေတံခွန် အခြေခံ ပညာ မူလတန်းကျောင်းများသို့ လည်းကောင်း၊ ရေကြည်မြို့နယ်ရှိ ရေကြည်   အခြေခံပညာအထက်တန်းကျောင်း၊   ဘုရားငူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ လယ်တီ အခြေခံပညာမူလတန်း ကျောင်းများသို့ လည်းကောင်း၊ အသုတ်မြို့နယ်ရှိ အနောက်ဘက်ကမ်း  အခြေခံပညာမူလတန်းကျောင်း၊ အသုတ်မြို့ အခြေခံပညာအထက်တန်း ကျောင်း၊  သစ်ဆိမ့်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း (ရွှေဂုဏ် တန်း)များသို့ လည်းကောင်း၊  ကျောင်းကုန်းမြို့နယ်ရှိ  မာလာကွင်း ကျေးရွာ  အခြေခံပညာအလယ်တန်းကျောင်း၊ လက်ပန်ချောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းများသို့ လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး သည်။  

                         

သတင်းစဉ်