
ဟားခါး မတ် ၈
ချင်းပြည်နယ် ဟားခါးမြို့ အမှတ် ( ၁ ) အခြေပညာအထက်တန်းကျောင်းတွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၈ ရက် နံနက် ၉ နာရီက စတင်ကျင်းပရာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဟားခါးမြို့နယ်တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ်၌ စာစစ်ဌာန တစ်ခုသာရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာရင်းရှိ ၁၆၉ ဦး အနက် ၁၃၉ ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက် ၃၀ ရှိသဖြင့် စာမေးပွဲ ဖြေဆိုသည့်ရာခိုင်နှုန်းမှာ ၈၃ ရာခိုင်နှုန်းဖြစ်သည်။
အလားတူ ချင်းပြည်နယ်အတွင်းရှိ ထန်တလန်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ် မှအပ ကျန်မြို့နယ် ခုနစ်မြို့နယ်တွင် စာစစ်ဌာန ၁၃ ခု၌ တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းသာယာစွာ ဖြေဆိုလျက်ရှိကြောင်း၊ ပြည်နယ်တစ်ခုလုံး၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် စာရင်းရှိ ၃၄၆၁ ဦး၊ ဖြေဆိုသူ ၂၅၆၀၊ ပျက်ကွက်သူ ၉၀၀ ဖြစ်ပြီး စာမေးပွဲ ဖြေဆိုသည့်ရာခိုင်နှုန်းမှာ ၇၄ ရာခိုင်နှုန်းဖြစ်ကြောင်း ချင်းပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ ဆက်)