
နေပြည်တော် မတ် ၈
(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အမှတ်(၁) တပ်မတော် ထောက်ပံ့နှင့်ပို့ဆောင်ရေးကျောင်း( တောင်ငူ) မှ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး အောင်ကျော် ဦးသည် အမှတ် (၃) စစ်မြေပြင်ဆေးတပ်ရင်း တောင်ငူ၌ ယနေ့တွင် (၇၉) ကြိမ်မြောက် ဒါန ဥပပါရမီ ဇီဝိတဒါန သွေးလှူဒါန်းခဲ့ကြောင်းနှင့် ၎င်းနှင့်အတူ ကေတုမတီမြို့သစ် မြို့ဦးကျောင်း တိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တ အဂ္ဂဝံသ အပါအဝင် သံဃာတော် သုံးပါးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင် ၈၇ ဦး ပေါင်း ၉၀ တို့ကလည်း ပါဝင်သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်