နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းလေးဖောင်တော်ဦး စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို

 

နေပြည်တော်    မတ်     ၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ       နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ် တွင်  လိုက်ပါလာသည့်  အဖွဲ့ဝင် များ၊  ရှမ်းပြည်နယ်  ဝန်ကြီးချုပ်၊  အရှေ့ပိုင်းတိုင်း       စစ်ဌာနချုပ် တိုင်းမှူးနှင့်      တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင်   ရှမ်းပြည်နယ်      (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရှိ အင်းလေးဖောင်တော်ဦး စေတီ တော်မြတ်ကြီးသို့           သွားရောက် ဖူးမြော်ကြည်ညိုကြသည်။

 


ဘက်စုံအလှူငွေပေးအပ်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား   ဂေါပကအဖွဲ့ဥက္ကဋ္ဌ    ဦးဝင်းမြင့်၊ ဌာနဆိုင်ရာများနှင့်     ရပ်မိရပ်ဖ များက ကြိုဆိုနှုတ်ဆက်ကြသည်။  ယင်းနောက် စေတီတော်မြတ်ကြီး အတွင်းရှိ   ဗုဒ္ဓရုပ်ပွားတော်မြတ် များကို ပန်း၊ ရေချမ်းနှင့် ရွှေသင်္ကန်း များ ကပ်လှူပူဇော်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က   စေတီ တော်မှတ်တမ်း     စာအုပ်တွင် အမှတ်တရ      လက်မှတ်ရေးထိုး ပူဇော်သည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်      ဇနီး တို့က      စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ် လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များက   လက်ခံရယူပြီး ဓမ္မလက်ဆောင်များ   ပြန်လည် ပေးအပ်သည်။

 


ဆက်ကပ်လှူဒါန်း


ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံ တော်ဝန်ကြီးချုပ်နှင့်     အဖွဲ့ဝင် များသည်   စေတီတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းရှိ  စိန်နှင့်မြ ကျောင်းတိုက်         အတွင်း၌      ဖောင်တော်ဦး     စေတီတော်မြတ် ကြီး ဆရာတော်  ဘဒ္ဒန္တဝိဇယအား ဖူးမြော်ကြည်ညိုပြီး     လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မအလှူငွေ များ     ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက်   ဆရာတော်ကြီး၏  ကျန်းမာရေး       ဆိုင်ရာများနှင့် အင်းလေးဒေသနှင့်  စေတီတော် မြတ်ကြီး      ရေရှည်တည်တံ့ခိုင်မြဲ  ရေးအတွက် လိုအပ်သည်များကို  လျှောက်ထားပြီး ဆရာတော်ကြီး ထံမှ ဩဝါဒကို နာယူသည်။

 


လှည့်လည်ကြည့်ရှုအားပေး


ထို့နောက် ဒေသရိုးရာလက်မှု ထွက်ကုန်များနှင့်   ရိုးရာအဝတ် အထည်      အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှု      အားပေးပြီး အင်းလေးဒေသမှ     ထွက်ရှိသည့် ထွက်ကုန်ပစ္စည်းများအား     ယခု ထက် အရည်အသွေးပိုမိုကောင်းမွန် စွာ    ထုတ်လုပ်ရောင်းချနိုင်ရေး အတွက်  လိုအပ်သည့် နည်းပညာ နှင့် အကူအညီများ ပေးအပ်သွား ရန်၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု  (One   Village   One   Product) ဖြစ်စေရေး    စီမံဆောင်ရွက်ပေး ရန်နှင့် လာမည့်နွေရာသီ ကျောင်း ပိတ်ရက်များအတွင်း အင်းလေး ဒေသသို့      ပြည်တွင်းပြည်ပမှ ဘုရားဖူးဧည့်သည်များ စိတ်ချမ်း မြေ့စွာ လာရောက်နိုင်ရေး တာဝန်  ရှိသူများကို မှာကြားသည်။ 

 


ဆက်လက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်   ဝန်ကြီးချုပ်နှင့်   အဖွဲ့ဝင် များသည် အင်းလေးကန်အတွင်း စက်လှေများဖြင့်   လှည့်လည်၍ အင်းလေးဒေသ၏ ဖွံ့ဖြိုးတိုးတက် မှုနှင့်     သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မည့်     အခြေအနေ များကို       ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်