အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကျင်းပ

 

နေပြည်တော်  မတ်   ၈


၂၀၂၃   ခုနှစ်  မတ်  ၈  ရက်တွင် ကျရောက်သည့်    အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်း အနားကို   ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က  Video Message ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

 


အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ   အဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင်    နာယကများ ဖြစ်ကြသော ဒေါ်ခင်သက်ဌေးနှင့် ဒေါ်သန်းသန်းနွယ်၊   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်း ရေးမှူး     ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ ဇနီး ဒေါ်ဥမ္မာ မြင့်၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့ဝင်များ ၏ ဇနီးများ၊ ဥပဒေရေးရာဝန်ကြီး ဌာန      ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်    ပြန်လည် နေရာချထားရေး     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ သက်သက်ခိုင်၊       ပြည်ထောင်စု ဝန်ကြီးများ၏         ဇနီးများ၊ နေပြည်တော်ကောင်စီ  ဥက္ကဋ္ဌ၏ ဇနီး၊      ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ဒုတိယ စာရင်းစစ်ချုပ်၊      မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များ၊   ဒုတိယ ဝန်ကြီးများ၏ ဇနီးများ၊ နေပြည် တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ၏ဇနီး၊  မြန်မာနိုင်ငံ  အမျိုးသမီး ရေးရာအဖွဲ့ချုပ်၊     မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၊   မြန်မာနိုင်ငံ အမျိုးသမီး များနှင့်   ကလေးသူငယ်များဘဝ    မြှင့်တင်ရေးအသင်းနှင့်  မြန်မာ နိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ ချုပ်တို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ဖိတ်ကြားထားသူများနှင့်    တာဝန် ရှိသူများ   တက်ရောက်ကြသည်။ 

 


ရှေးဦးစွာ    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် က  Video Message  ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။     (နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ် မှူးကြီး  မင်းအောင်လှိုင်၏ အဖွင့် အမှာစကားကို   စာမျက်နှာ  - ၆ တွင်      သီးခြားဖော်ပြထားပါ သည်။)

 


ထို့နောက်   မြန်မာနိုင်ငံလုံး ဆိုင်ရာ   အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ      သက်သက်ခိုင်က အမျိုးသမီးများ    ဖွံ့ဖြိုးတိုးတက် ရေး၊      အမျိုးသမီးများ   အခွင့် အရေး   မြှင့်တင်ဖော်ဆောင်မှုနှင့် အမျိုးသမီးများအပေါ်       နည်း မျိုးစုံဖြင့်        အကြမ်းဖက်မှု တားဆီး   ကာကွယ်ရေးဆိုင်ရာ     ဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြသည်။

 


ယင်းနောက် မြန်မာနိုင်ငံလုံး ဆိုင်ရာ     အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊    လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကုလသမဂ္ဂ  အထွေထွေအတွင်း ရေးမှူးချုပ်ထံမှ  ပေးပို့လာသည့် သဝဏ်လွှာကို ဖတ်ကြားသည်။ 

 


ဆက်လက်၍         မြန်မာနိုင်ငံ အမျိုးသမီးရေးရာ   အဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင်နာယက   ဒေါ်ခင် သက်ဌေးက  မြန်မာနိုင်ငံ အမျိုး သမီးကဏ္ဍ    ဖွံ့ဖြိုးတိုးတက်ရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက် ပေးခဲ့သည့် မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်နှင့်   မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့မှ  ဥက္ကဋ္ဌနှင့် အတွင်း ရေးမှူးတို့ထံ   အမျိုးသမီးကဏ္ဍ ထူးချွန်ဆုများကို လည်းကောင်း၊ မြန်မာနိုင်ငံ     အမျိုးသမီးရေးရာ အဖွဲ့ချုပ်၏       ဂုဏ်ထူးဆောင် နာယက    ဒေါ်သန်းသန်းနွယ်က မြန်မာနိုင်ငံ   အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင် ရေးအသင်းနှင့်     အမျိုးသမီး အားကစားအဖွဲ့ချုပ်တို့မှ  ဥက္ကဋ္ဌ နှင့်         အတွင်းရေးမှူးတို့ထံ အမျိုးသမီးကဏ္ဍ ထူးချွန်ဆုများ ကိုလည်းကောင်း  ပေးအပ်ချီးမြှင့် ကြသည်။

 


ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ   အမျိုးသမီး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊  လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်     ပြန်လည်နေရာချထားရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး    ဦးစိုးကြည်က  လူမှုဝန်ထမ်းဦးစီး ဌာနက  ရေးဆွဲပြုစုထားသည့်   အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက်      လုံခြုံမှုပေးနိုင်သော       ယာယီနားခိုရာစင်တာ စီမံခန့်ခွဲမှုလုပ်ငန်း လမ်းညွှန် စာအုပ်ကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး နှင့်  ပြည်နယ်များကိုယ်စား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်     အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ထံ ပေးအပ်သည်။

 


ထို့နောက်   မြန်မာနိုင်ငံ    အမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင်နာယကများ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    အတွင်းရေးမှူး၏   ဇနီး၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင်နှင့် အဖွဲ့ဝင်များ၏    ဇနီးတို့သည်  တက်ရောက်လာကြသူ များနှင့်အတူ  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ ပြီး  အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်း အမှတ်အဖြစ် ခင်းကျင်းပြသထားသည့် ပြခန်းများကို  လှည့်လည်ကြည့်ရှုကြသည်။              

သတင်းစဉ်