သံတွဲမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာဖြေဆို

 

သံတွဲ    မတ်    ၈


၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းလုံး၌ မတ် ၈ နံနက် ၉ နာရီမှစတင်၍ မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ သံတွဲမြို့နယ်ရှိ စာစစ်ဌာန ငါးခုတွင် ကျောင်းသား၊ ကျောင်းသူများ  အေးချမ်းစွာ စာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။

 


သံတွဲမြို့နယ်အတွင်းရှိ    စာစစ်ဌာနများဖြစ်သည့်  အထက  (၁)၊ အထက(ငပလီ)၊ အထက(ရွှေလှေ) အထက(ကင်းမော်)၊ အထက (ကျောက်ကြီး) စာစစ်ဌာန ငါးခုတွင် စာမေးပွဲဖြေဆိုရန် စာရင်းသွင်း ထားသူ ၉၆၈ ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ ၂၈၆၂ ဦးရှိပြီး ပျက်ကွက်သူ ၁၀၆ ဦးရှိသဖြင့် ၈၉% ဖြေဆိုကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။
အဆိုပါ  တက္ကသိုလ်ဝင်စာမေးပွဲကို  ချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ  ပူးပေါင်း၍  စာစစ်ဌာနအသီးသီး၌   လိုအပ်ချက်များကို  ပေါင်းစပ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။                     

ခရိုင်(ပြန်/ဆက်)