
နေပြည်တော် မတ် ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် ပင်းပက်ဒေသ ပင်ငိုကျေးရွာအနီးရှိ စက်မှုဝန်ကြီး ဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ စက်ရုံရှင်းလင်းဆောင်တွင် စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း နှင့် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်တို့က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်၏ ၂၀၂၁ ခုနှစ်အတွင်း လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်အရ စီမံကိန်း အကောင် အထည်ဖော်ဆောင်မှုများ ရပ်တန့်ထားသည့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ပြန်လည်စတင် ဆောင် ရွက်ခဲ့မှု၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်း ဖြစ်ပေါ်လာပုံနှင့် စီမံကိန်းပြန်လည် လည်ပတ်နိုင် ရေးအတွက် ဆက်လက်အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များ၊ စီမံကိန်း အကောင်အထည် ဖော်ဆောင်မှုဆိုင်ရာ တိုးတက်မှုများနှင့် ချို့ယွင်း ချက်များ ဖြစ်ပေါ်နေသည့် အစိတ်အပိုင်းများကို ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့မှု၊ လုပ်ငန်း များ ဆောင်ရွက်ရာတွင် နည်းပညာဆိုင်ရာ စစ်ဆေး ရေးအဖွဲ့တို့မှ စနစ်ကျနမှုရှိစေရေး စစ်ဆေး ဆောင်ရွက်ခဲ့မှုနှင့် စီမံကိန်းအကောင်အထည်ဖော် လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။
ရှင်းလင်းတင်ပြ
ထို့နောက် မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတို့က မြန်မာ စီးပွားရေးကော်ပိုရေးရှင်းမှ လုပ်ငန်းဆောင်ရွက်မှု များနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tyazhpromexport (TPE) မှ Process Engineer များဖြင့် လုပ်ငန်း ဆောင်ရွက်လျက်ရှိမှု၊ အလုပ်ရုံအသီးသီးရှိ စက်ကိရိယာများအား စစ်ဆေးခဲ့မှု၊ ပြုပြင်ရန် လိုအပ် သည်များ၊ အစားထိုးလဲလှယ်ရန် လိုအပ်သည့် စက်ကိရိယာများကို ပြုပြင်ခြင်းများနှင့် မှာယူ တပ်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိမှု၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းအတွက် လိုအပ် မည့် သံရိုင်းသတ္တုနှင့် စက်မှုကုန်ကြမ်းတွင်းထွက် သတ္တုများ ထုတ်ယူရရှိနိုင်မှုပမာဏနှင့် ခွင့်ပြုပေး ထားသည့် အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။
ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေး
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတည်ဆောက်ရေးတွင် သံမဏိသည် မဖြစ်မနေ လိုအပ်သည့် ပစ္စည်းဖြစ်ပြီး ပြည်တွင်းသံမဏိ လိုအပ်ချက်များစွာရှိသဖြင့် သံမဏိထုတ်လုပ်ရေး စီမံကိန်းများအား အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ လိုအပ်ချက်တစ်ခုဖြစ်သည့် သံ၊ သံမဏိ ထုတ်ကုန် များကို ပြည်ပသွင်းကုန်အဖြစ် တင်သွင်းရန်မလိုဘဲ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး နိုင်ခြင်း၊ ခိုင်မာသည့် ဈေးကွက်ရှိခြင်းတို့ကြောင့် မဖြစ်မနေ အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရန် လိုအပ်သည့် စီမံကိန်းတစ်ခုဖြစ် ကြောင်း၊ ယခုစီမံကိန်းကို ငွေကြေးအခက်အခဲ၊ နည်းပညာအခက်အခဲများကြားမှ အကောင်အထည် ဖော်ဆောင်ခဲ့ရခြင်းဖြစ်သော်လည်း စီမံကိန်းအပေါ် နားလည်မှုနှင့် မဟာဗျူဟာမြောက်အမြင်မရှိဘဲ စီမံကိန်းကို ၂၀၁၇ ခုနှစ်တွင် ရပ်ဆိုင်းခဲ့၍ နိုင်ငံတော် အတွက် များစွာနစ်နာခဲ့ရကြောင်း၊ ခေတ်မီနိုင်ငံ တစ်ခုတည်ဆောက်ရေးအတွက် သံမဏိလိုအပ်ချက် သည် မလွဲမသွေ ရှိနေမည်ဖြစ်ကြောင်း။
မြေအောက်သယံဇာတများ ထုတ်ယူသုံးစွဲမှုနှင့် ပတ်သက်၍ မြေအောက်သယံဇာတများသည် သစ်တောသစ်ပင်များကဲ့သို့ ပြန်လည်စိုက်ပျိုး၍ ရရှိ နိုင်သည်မဟုတ်ဘဲ နှစ်ပေါင်းများစွာကြာမြင့်မှသာ လျှင် သဘာဝအလျောက် ဖြစ်တည်လာနိုင်သည် ဖြစ်ရာ နိုင်ငံအတွက် အကျိုးရှိသည့် နေရာများတွင် သာ အသုံးချရန်နှင့် ထုတ်ယူသုံးစွဲမှုများကို ထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ နိုင်ငံ၏ မြေပေါ်မြေအောက်သယံဇာတများကို စီမံ ခန့်ခွဲပိုင်ခွင့်သည် နိုင်ငံသူနိုင်ငံသားတို့၏ လက်ဝယ် တွင်သာ ရှိရမည်ဖြစ်ပြီး တိုင်းပြည်၏အားသည် ပြည်တွင်း၌သာရှိကြောင်းကို မိမိတို့ပြည်တွင်း အားဖြင့် လုပ်ဆောင်နိုင်သည်ဟူသည့် စိတ်နှင့် ယုံကြည်မှုကို တည်ဆောက်နိုင်ရမည်ဖြစ်ပြီး လူသား အရင်းအမြစ်ကောင်းများရှိနေပါက မိမိတို့အနေဖြင့် အခြားသူများကို အားကိုးရန်လိုအပ်မည် မဟုတ် ကြောင်း၊ ထို့ကြောင့် တိုင်းပြည်အတွက် ရေရှည် အကျိုးကို ကြည့်၍ လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေးကိုလည်း ဝန်ကြီးဌာနများအလိုက် အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော် အနေဖြင့် လုပ်ငန်းများ အောင်မြင်စေရေး မူဝါဒများ ကို ချမှတ်ပေးမည်ဖြစ်ပြီး အမှန်တကယ် အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်မှာ ဝန်ကြီးဌာနများ၏ တာဝန်သာဖြစ်ကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်ဆောင်မှုများကို ဆောင်ရွက် ရာတွင် စနစ်တကျနှင့် ပီပီပြင်ပြင်ဖြစ်အောင် ဆောင်ရွက်ကြစေလိုပြီး ရေရှည်ကိုကြည့်၍ ဆောင် ရွက်ကြရန်လိုကြောင်း၊ ကမ္ဘာ့ပထမဆုံး သံရည်ကျို နည်းစဉ် Romelt ကို အသုံးပြုထားသဖြင့် အလုပ်ရုံ များ၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ပြုလုပ်နိုင်ရေးနှင့် အလုပ်ရုံများအချင်းချင်း ချိတ်ဆက် ၍ ထုတ်လုပ်မှုဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များ အလိုက် စနစ်တကျနှင့် အလေးထားဆောင်ရွက် ကြရန်လိုကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုနှင့် အရည် အသွေး စစ်ဆေးမှုများကို Third party ဖြင့် စစ်ဆေး မှုများနှင့် မှတ်တမ်းထားရှိမှုများ ပြုလုပ်ထားရှိရန် လိုကြောင်း လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်းလှည့်လည်၍ သံသတ္တုရိုင်းပြုပြင်ရေး အလုပ်ရုံ၊ ကုန်ကြမ်း သိုလှောင်ဖြန့်ဖြူးရေးအလုပ်ရုံ၊ စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးအလုပ်ရုံ၊ သံရည်ကျိုအလုပ်ရုံ၊ သံစိမ်းတုံးပုံလောင်းအလုပ်ရုံ၊ သံစိမ်းတုံးသိုလှောင်သည့်နေရာ၊ ဖိအားမြင့်လေထုတ် အလုပ်ရုံတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေ များကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ ကြသည်။
အဆိုပါ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)စီမံကိန်းကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tyazhpro-mexport (TPE) နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း တို့ ပူးပေါင်း၍ ၂၀၀၆ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်း၍ ဆက်လက် အကောင်အထည်ဖော် ခဲ့သည်။ စီမံကိန်းတည်ဆောက်မှု လုပ်ငန်းများကို ၂၀၁၇ ခုနှစ် မတ် ၁၅ ရက်တွင် ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်၌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်လာရောက်စစ်ဆေးစဉ် ပြည်တွင်းသံမဏိ လိုအပ် ချက်များစွာရှိသဖြင့် သံမဏိထုတ်လုပ်ရေး စီမံကိန်း များအား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း လမ်းညွှန်မှာကြားချက် များအရ အောက်တိုဘာ ၄ ရက်တွင် ပြန်လည်စတင် ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်အထိ စီမံကိန်းရှိ အလုပ်ရုံ ၂၂ ရုံအနက် ၁၉ ရုံကို ဝန်မပါ စမ်းသပ်လည်ပတ်နိုင် ခဲ့ပြီးဖြစ်ကြောင်းနှင့် စီမံကိန်းအကောင်အထည်ဖော် မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်