အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်

 

၁။    ပြည်သူအတွက်ဟု သုံးနှုန်း၍  ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများ အပါ အဝင် နိုင်ငံ့ဝန်ထမ်းများနှင့်  ပြည်သူကိုသတ်ဖြတ်၊ လုယက်ခြင်းကို CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ကျူးလွန်နေသည်။


၂။    ခြိမ်းခြောက်၊  လူသတ်၊  အဖျက်အမှောင့်လုပ်ရပ်များ  လုပ်ဆောင်နေသည့်  CRPH ၊  NUG  ၊  PDF  အကြမ်းဖက်သမားများကို  အားပေးမှု၊ ထောက်ခံမှု၊ ကူညီထောက်ပံ့မှု မပြုခြင်းသည်  ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်းဖြစ်သည်။


၃။    ယင်းတို့၏  လက်နက်/ခဲယမ်း   ကိုင်တွယ်သယ်ဆောင်မှုနှင့်   အကြမ်းဖက် သမားတို့၏  သတင်းကို   လျှို့ဝှက်ပေးပို့ခြင်းသည် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်းဖြစ်သည်။