
မန္တလေး မတ် ၇
မန္တလေး ချမ်းအေးသာစံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန နွေရာသီအခြေခံအားကစားသင်တန်းများကို ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ နှင့် ၇၁ လမ်းထောင့်ရှိ ဗထူးအားကစားပြိုင်ဝင်းတွင် မတ် ၁ ရက်မှစတင်၍ လက်ခံလျက်ရှိသည်။
အားကစားနည်းများမှာ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင် တင်းနစ်နှင့် တိုက်ကွမ်ဒိုသင်တန်း၊ မြန်မာ့သိုင်းသင်တန်းများကို သင်ကြားပေးမည်ဖြစ်ပြီး ဗထူးကွင်းနှင့် သတ်မှတ်နေရာများတွင် လက်ရွေးစင်ဘောလုံး နည်းပြဆရာများနှင့် အားကစားနည်းအလိုက် နည်းစနစ်မှူး နည်းပြဆရာများက ညနေပိုင်းတွင် အခမဲ့သင်ကြား ပို့ချပေးလျက်ရှိသည်။ သင်တန်းတက်ရောက်လိုသူများသည် ဖုန်း-၀၉-၇၅၁၁၄၃၀၈၀ နှင့် ၀၉-၄၀၂၆၉၈၂၇၆ တို့သို့ ဆက်သွယ်စာရင်းပေး တက်ရောက်နိုင်ကြောင်း သိရသည်။
တင်မောင်-မန်း