(၂၅) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီ အစည်းအဝေးကျင်းပ

 

နေပြည်တော် မတ် ၇


(၂၅)   ကြိမ်မြောက်  အာဆီယံ ငွေရေးကြေးရေး   ပေါင်းစည်းရေး ဆိုင်ရာ   အဆင့်မြင့်ကော်မတီ အစည်းအဝေး  (25th  ASEAN Senior Level Committee- SLC on Financial Integration) ကို ယနေ့ မြန်မာစံတော်ချိန် နံနက် ၈ နာရီတွင် Hybrid Format ဖြင့် ကျင်းပရာ   မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ         လင်းအောင် တက်ရောက်သည်။ 

 


ဦးစွာ ပူးတွဲသဘာပတိများ ဖြစ်ကြသည့်      စင်ကာပူနိုင်ငံ ငွေကြေး      အာဏာပိုင်အဖွဲ့မှ ဒုတိယ ဦးဆောင် ညွှန်ကြားရေးမှူး နှင့် လာအိုနိုင်ငံဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌများက အဖွင့်အမှာစကား များ ပြောကြားကြပြီး အာဆီယံ +၃ မေခရိုစီးပွားရေးသုတေသနရုံး (ASEAN+3    Macroeconomic Research Office - AMRO) နှင့် အာရှဖွံ့ဖြိုးရေးဘဏ်   (Asian Development Bank-ADB) တို့က လတ်တလော  မေခရိုစီးပွား ရေး   အခြေအနေများ၊  ကမ္ဘာ တစ်ဝန်းနှင့်  ဒေသတွင်းဆိုင်ရာ ငွေရေးကြေးရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့်  စပ်လျဉ်း၍ တင်ပြကြသည်။ 

 


ဆက်လက်၍  အာဆီယံနိုင်ငံ များအချင်းချင်း  သတင်းအချက် အလက်   အပြန်အလှန်ချိတ်ဆက် နိုင်သောမူဘောင်         (ASEAN Interoperable  Data  Frame-work) နှင့်   အာဆီယံနိုင်ငံများ အချင်းချင်း ငွေပေးချေမှု စနစ်များ ချိတ်ဆက်မှုအစီအစဉ်    (ASEAN Multilateral          Payments Connectivity Initiative) တို့နှင့် စပ်လျဉ်းသည့်  တိုးတက်မှုအခြေ အနေများကို      သက်ဆိုင်သည့် လုပ်ငန်း         ကော်မတီများက ရှင်းလင်းတင်ပြကြပြီး အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံငွေရေးကြေးရေးပူးပေါင်းဆောင် ရွက်မှုအတွက်  ဦးစားပေးဆောင် ရွက်လျက်ရှိသည့်   အကြောင်း အရာများ၊ တိုးတက်မှုအခြေအနေ များနှင့်      အာဆီယံစီးပွားရေး အသိုက်အဝန်း      (ASEAN Eco-nomic     Community - AEC) လုပ်ငန်းစဉ်များကို     ရှင်းလင်း တင်ပြသည်။ 

 


မွန်းလွဲပိုင်းတွင်  အာဆီယံ ဘဏ်လုပ်ငန်း  ပေါင်းစည်းရေး မူဘောင် (ASEAN Banking Integration Framework- ABIF)၊ ငွေလုံးငွေရင်း  စာရင်းပိုမိုလွတ် လပ်ခွင့်ပြုရေး (Capital Account Liberalization-CAL)၊ အရင်းအနှီး စျေးကွက်     ဖွံ့ဖြိုးတိုးတက်မှု (Capital Market Development-CMD)၊ အားလုံးပါဝင်သော ငွေရေး ကြေးရေးကဏ္ဍ   (Financial Inclusion-FINC)၊   ငွေရေး ကြေးရေး ၀န်ဆောင်မှုလုပ်ငန်း များ      လွတ်လပ်ခွင့်ပြုရေး (Financial Services Liberali-zation-FSL)၊     ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် (Payment and Settlement System-PSS)၊ စွမ်းရည်မြှင့်တင်ရေး  ကြီးကြပ် ထိန်းကျောင်းမှု       ကော်မတီ (Steering   Committee   on Capacity Building - SCCB) တို့ နှင့်စပ်လျဉ်း၍       နောက်ဆုံး တိုးတက်မှု  အခြေအနေများကို လုပ်ငန်းကော်မတီ  အသီးသီးက ရှင်းလင်းတင်ပြရာ   ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများက  လမ်းညွှန်မှု များပြုခဲ့ကြသည်။

 


ထို့နောက်        အဆင့်မြင့် ကော်မတီလုပ်ငန်းအဖွဲ့၏ ပူးတွဲ သဘာပတိများက      ရေရှည် တည်တံ့ခိုင်မြဲပြီး အကျပ်အတည်း ဖြစ်ပေါ်မှုဒဏ်ကို  ခံနိုင်ရည်ရှိစေရေးအထောက်အကူပြုဘဏ္ဍာငွေ(Sustainable   Finance)  နှင့် စပ်လျဉ်း၍လည်းကောင်း၊ အင်ဒို နီးရှားနိုင်ငံဗဟိုဘဏ်က အာဆီယံ ဒေသတွင်း   ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ  ခံနိုင်ရည်ရှိမှုနှင့်  သတင်း အချက်အလက်များ မျှဝေခြင်း အစီအစဉ် (ASEAN Cyberse-curity Resilience and Infor-mation Sharing Platform- CRISP)နှင့်       စပ်လျဉ်း၍လည်း ကောင်း၊  အာဆီယံ  ငွေကြေး ဖလှယ်မှုအစီအစဉ်     (ASEAN Swap  Arrangement)  နှင့် စပ်လျဉ်း၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က     အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌       ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက်  အာဆီယံ ငွေကြေး     ဖလှယ်မှုအစီအစဉ် လုပ်ငန်း   အဖွဲ့အစည်းအဝေး၏ အချက်အလက်အကျဉ်းချုပ်အား ဖိလစ်ပိုင်နိုင်ငံ    ဗဟိုဘဏ်က လည်းကောင်း   ရှင်းလင်းတင်ပြ သည်။

 


ဆက်လက်၍    အာဆီယံ ငွေရေးကြေးရေး  ပေါင်းစည်းရေး အဆင့်မြင့်  ကော်မတီဆိုင်ရာ အချက်များ     (Terms    of Reference -TOR) နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်များအား  စင်ကာပူ ငွေကြေးအာဏာပိုင်  အဖွဲ့က လည်းကောင်း၊  ဒုတိယအကြိမ် မြောက်   အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ များ အစည်းအဝေးကျင်းပရေးနှင့် စပ်လျဉ်းသည့်   ကိစ္စရပ်များ၊ အာဆီယံလုပ်ငန်းကော်မတီများ ပေါင်းစည်းရေး ကိစ္စရပ်များကို အင်ဒိုနီးရှားနိုင်ငံ ဗဟိုဘဏ်က လည်းကောင်း ရှင်းလင်းတင်ပြကြ သည်။ ယင်းနောက် အစည်းအဝေး ပူးတွဲသဘာပတိများက  နိဂုံးချုပ် အမှာစကားများ       ပြောကြား သည်။ 


သတင်းစဉ်